အပိုင်း(၁၄)/အပိုင္း(၁၄)

2K 173 0
                                    

Unicode
-------------

ကားပေါ်တွင်အိပ်ပျော်နေသောရှင်းပြည့်မှာ ၃နာရီကျော်လောက်မှာတော့နိုးလာလေသည်။
ဘေးဘီကိုကြည့်တော့ မမယုယကိုလည်း မတွေ့သည်မို့ ရှင်းပြည့်တစ်ယောက် ယောင်လည်လည်ငိုမဲ့မဲ့နှင့်။

လူတွေအများကြီးနဲ့ တိတ်ဆိတ်နေသောကားထဲမှာ ဆူညံခြင်းပြုမရသည်ကို သူကောင်းကောင်းနားလည်ပါသည်။
ထို့်ကြောင့် အသံတိတ်သာကြိတ်ငိုနေလေ၏။

"ရွှေဘိုဆင်းမဲ့အမကြီး အထုတ်တွေယူပြီးထွက်လာလိုရပါပြီ"
အဒေါ်ကြီးတစ်ယောက်က သူ့ဆလင်းဘတ်အိတ်အကြီးကြီးရယ် ကာတွန်းအရုပ်ပုံတွေနဲ့ပလက်စတစ်ခရီးဆောင်အိတ်ကြီးရယ်ကိုဆွဲ၍ ထိုင်ခုံအလည်လမ်းမှတိုးထွက်ကာ ရှင်းပြည့်ဘေးမှဖြတ်သွားသည်။

အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ရှင်းပြည့်လည်း
အနောက်ကနေ ကပ်လိုက်လိုက်လာလေသည်။

"ညီလေး မင်းရော ဒီမှာဆင်းမလို့လား"

"ဟုတ်"

ကားပေါ်ကအစ်ကိုကြီးလည်း ဘာမှမပြောတော့ဘဲ ရှင်းပြည့်ကိုဆင်းခိုင်းလိုက်သည်။
ဘယ်ကိုသွားရမယ်မှန်းမသိသောကောင်လေးမှာ အဒေါ်ကြီးဘေးနားမှာသွားရပ်နေသည်။

"ကားစောင့်နေတာလား သား"

အဒေါ်ကြီးရဲ့အမေးကို ရှင်းပြည့်ဘာပြန်ဖြေရမယ်မှန်းမသိ။ပြူးကြောင်ကြောင်လေး ကြည့်နေသည်။

"ကျောင်းသွားတက်ပြီးပြန်လာတဲ့ကလေးပေါ့။အထုတ်တွေအဆောင်မှာထားခဲ့တယ်ထင်တယ် ကောင်းတယ်ကောင်းတယ် သယ်ရသက်သာတာပေါ့"

"ဟီး...."
ဘေးနားကနေ စကားကိုတတွတ်တွတ်ပြောနေသည့်အန်တီကြီးကို ရှင်းပြည့်ရယ်ပြလိုက်သည်။
ဟုတ်သည်လေ။တစ်ယောက်တည်းအားငယ်နေချိန်ဘေးကနေစကားလာပြောပေးနေမှတော့ ကြောက်စိတ်ကနည်းနည်းပျောက်သွား၏။

"ချစ်စရာလေးတော့!"
ထိုအဒေါ်ကြီးမှာ အပျိုကြီးဖြစ်ပုံရပါသည်။

"လိုက်မလား လိုက်မလား.....ကမ်းနားထိပါတယ် ၂၀၀၀ ၂၀၀၀။ဟိုအစ်မကြီး လိုက်မှာလား တက်တက်"

"ဟော..ကားလာပြီ လာ သားတက်"
အဒေါ်ကြီးက ရှင်းပြည့်ကိုအရင်တက်ခိုင်းသည်။
သို့နှင့် ရှင်းပြည့်လည်း ယောင်တောင်ပေါင်တောင်ဖြင့် ကားပေါ်ရောက်ခဲ့တော့သည်။

လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]Where stories live. Discover now