Unicode
--------------ညအိပ်ချိန် ခန့်လူတစ်ယောက်ဘုရားရှိခိုးကာဖျာခင်း ခေါင်းဦးချ ဖယောင်းတိုင်မီးကိုမှုတ်ကာလှဲလိုက်သည်။မလိုအပ်ဘဲလျှပ်စစ်မီးကိုမသုံးပါ....။ချွေတာရမည်လေ။
အမေကတော့ ထရံဖြင့်ကာထားသော အိပ်ခန်းကျဉ်းလေးထဲမှာ သူကဘုရားစင်ရှေ့တွင်.....။ဘာရယ်မဟုတ် phကိုယူကာ လိုင်းဖွင့်ကြည့်လိုက်သည်။
Ting......!!
"အိပ်ပြီလား ကိုကို"MessengerကနေMessageတစ်ခုဝင်လာတော့ ခန့်လူမှာကြောင်သွားရသည်။
Acc nameကိုပြန်ကြည့်လိုက်တော့
Thaw Zin Minn Myatခန့်လူလည်းစာပြန်ပို့ရန် ပြင်လိုက်သည်။
စာကိုရိုက်လေ့ရိုက်ထမရှိသောကြောင့် အနည်းငယ်ကြာနေ၏။"အိပ်ပြီ"
Ting......!
ပို့ပြီး စက္ကန့်ပင်မခြားစာထပ်ရောက်လာပြန်သည်။"ဟင်.....Typingအကြာကြီးကို ဒါပဲပြန်ပို့တာလား"
" အင်း.....ပုံပို့ပေးလေ"
ခန့်လူလည်း နေကြာခင်းတုန်းကရိုက်ထားတဲ့ပုံတွေကိုတောင်းလိုက်သည်။
တကယ်ကသူ့ပုံလိုချင်သည်ထက် ထိုကောင်လေးပုံများကိုပိုပြီးမြင်ချင်စိတ်ကများနေသည်။Ting......!
"သားကြီးရေ phက တတင်တင်နဲ့phလာနေတာလား ကိုင်လိုက်ဦးလေ"
ထရံသာခြားသောအခန်းထဲက အမေကတောင်လှမ်းပြောသည်။
"မဟုတ်ဘူးအမေ သားရှိတယ် messengeဝင်တာ"
"အေးအေး မသိပါဘူး phလာတယ်မှတ်လို့"
ခန့်လူလည်းအမေအိပ်ရေးပျက်မှာစိုး၍phကိုအသံပိတ်လိုက်သည်။
စာကထပ်ရောက်လာသည်။"ကိုကို ကျွန်တော် ကိုကို့ကိုတက်လုပ်ပြီး ပုံတင်ထားတယ်"
ခန့်လူမျက်လုံးတွေပြူးသွားရသည်။
ဘာကိုတက်လုပ်တာ.........!
နောက်မှသဘောပေါက်သွားရပါ၏။တစ်ခါတစ်လေ သန့်စင်ကpostတွေshareကာသူ့ကိုTagလေ့ရှိသည်။သူလည်း သော်ဇင့်accရဲ့view profileကိုနှိပ်ပြီး ဝင်ကြည့်လိုက်သည်။
သော်ဇင့်wallထဲမှာတင်ထားတဲ့ပုံလေးတွေက လေးငါးပုံခန့်။တစ်ပုံချင်းစီတိုင်းမှာ သော်ဇင်ကလက်နှစ်ချောင်းထောင်လိုက် အသည်းပုံလုပ်လိုက် မျက်လုံးတစ်ဖက်မှိတ်လိုက်ဖြင့်ပိုစ့်မျိုးစုံပေးနေသော်လည်း ခန့်လူကတော့ပုံတိုင်းမှာcameraကိုကြည့်နေသည့် အူကြောင်ကြောင်မျက်နှာပေးတစ်မျိုးတည်း။
YOU ARE READING
လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]
Romance[COMPLETED] Unicode and Zawgyi ================ Unicode --------- သွက်သွက်လက်လက်ရန်ကုန်သားလေးရယ် တောသားလူရိုးကြီးရယ်.....။ "တောသားကောင်ကချောလိုက်တာ....." ဟု ဆိုရာကနေ အစပြုပြီး။ *ဝါသနာအရမို့ အရေးအသားနုပါတယ်ရှင့်။ကြိုးစားနေဆဲမို့ အရေးသားပိုင်းနဲ့ပတ်သတ...