အပိုင်း(၆)/အပိုင္း(၆)

2.4K 223 1
                                    

Unicode
-------------

"ဟိတ်ကောင် ပါဦးမလား"

"ဟာ......မြတ်ကျော် မခေါ်နဲ့ကွ ငါတို့သူနဲ့မပေါင်းဘူး"

"ဘာလို့တုန်း......."

"နောက်ကျပြောပြမယ် လာဆက်ကန်မယ် ကျောင်းတက်တော့မှာခနနေရင်"

ထိုအသံတွေကို ခန့်လူ မကြားချင်ယောင်သာဆောင်ခဲ့သည်။

ဒါတွေက သူကျောင်းတက်စဉ်တစ်လျှောက် ယခုအလယ်တန်းရောက်သည်အထိကြားခဲ့ရသောစကားတွေပင်။
အခုလည်း မနေ့ကမှကျောင်းပြောင်းလာသော မြတ်ကျော်ဆိုသည့်ကျောင်းသားက သူ့အကြောင်းမသိသေး၍ ဘောလုံးကန်ရန်ခေါ်သော်လည်းအကြောင်းသိသည့် အတန်းထဲကကောင်ကမခေါ်ခိုင်း။ခန့်လူကလည်းဂရုမစိုက်ပါ အခုတောင် သန့်စင်ကမုန့်ဈေးတန်းခေါ်၍လိုက်ခဲ့ပေးပြီး
သူငယ်တန်းရှိထွေးငယ်အား မုန့်သွားပေးသည့်သန့်စင်ကို ဘောလုံးကွင်းနား၌စောင့်နေခြင်းပင်။

"သွားမယ်လေ ဘာလုပ်နေတာလဲ"

"အင်း....."

ညနေ ကျောင်းဆင်းချိန်သို့ ရောက်လေပြီ.......။
သူတို့ရဲ့ရွာလေးမှာက စာသင်ကျောင်းမရှိသေး။
ဘေးရွာတွင်သွားတက်ရသည်။ သို့သော် အရမ်းမဝေးပါ တစ်ရွာနှင့်တစ်ရွာက တစ်ဆက်တည်းပင်။

"ဟိုမှာ ကလေးတွေလာပြီ"

သူငယ်တန်းသာရှိသေးသောနှင်းပွင့်ဝေ(ထွေးငယ်)ကို ခန့်လူရဲ့ညီဖြစ်သူ လေးတန်းကျောင်းသားမြတ်လူသော်ကလက်ဆွဲလာသည်။
မူလတန်းတွေက တစ်ဆောင်တည်းဖြစ်ပြီး ရှစ်တန်းကျောင်းသားဖြစ်သောခန့်လူနှင့်သန့်စင်တို့က အထက်တန်းဆောင်မှာဖြစ်သည်။
ကျောင်းဂိတ်ပေါက်တံခါးနားတွင် သူတို့နှစ်ယောက်က ကလေးတွေကိုစောင့်ပြီးမှ အပြင်ထွက်သည်။ကလေးတွေကစောရောက်နေလျှင်လည်းထိုနေရာမှာပဲစောင့်ခိုင်းထားရသည်။
ရွာနီးစပ်များမှလာတက်ကြသောကျောင်းသားကျောင်းသူများစွာရှိတာကြောင့် လူအရမ်းများလှသည်။

"ဖေကြီး....."

"ဟေ....."

မြတ်လူက ကိုလူခင့်ကျောပေါ်သို့ခုန်တက်လိုက်သည်။

လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]Onde histórias criam vida. Descubra agora