အပိုင်း(၁၅)/အပိုင္း(၁၅)

4.8K 271 1
                                        

Unicode
-------------

အမဲလိုက်အက××××××

စင်မြင့်ထက်က......ရှုံးတဲ့သူ.......×××××××

လဲကျမယ်.......××××××

အမဲလိုက်အက.......×××××××××
.......
............
...................

ငုံးကြော် ငုံးဥကြော်၊ကောက်ညှင်းကျဉ်တောက်၊အသုတ်စုံဆိုင်၊ဝက်သားတုတ်ထိုး၊မြန်မာမုန့်မျိုးစုံ။
ကြာဇံချက်၊မုန့်ဟင်းခါး၊မုန့်လင်မယား၊ရေမုန့်။

မြို့ကြီးပြကြီးတွေလို အသားကင် ဟော့ဒေါ့ဆိုင် တော့ပိုကီ fish cakeဆိုင်တွေမပါသော်လည်း ပွဲဈေးတန်းအတွင်း စားကောင်းသောက်ဖွယ်များက လမ်းဘေးတစ်ဖက်တစ်ချက်ဆီမှာ။လမ်းအလည် လူတွေကြိတ်ကြိတ်တိုးလို့။

ဟော.....အင်္ကျီဆိုင် တစ်ထည်ထောင့်ငါးရာစိတ်ကြိုက်ရွေး အထည်ပုံတွေ။နာရီတွေ အရုပ်ဆိုင်တွေ။ကိုရီးယားမင်းသားပုံတွေကိုလည်း ချခင်းကာရောင်းကြပြန်သည်။
တက်တူးဆိုင်တွေ နောက်.....ဗေဒင်ဟောတဲ့သူတွေ။မြှားပစ် ဘောလုံးပစ်တဲ့ဆိုင်တွေ။

ညအမှောင်ကလရောင်ဖြာကျနေသည်။ပွဲဈေးတန်းကလည်းမီးတွေထိန်ထိန်ညီးလို့။ပင်လယ်ဓားပြလှေ။ချားရဟတ်။ကလေးစီးချားလေးတွေ။လေယာဉ်ပျံလေးတွေ။နောက်......ကလေးများသာဝင်ခွင့်ရှိသည့်ပျော့အိအိကစားကွင်း။

ရွာဘုရားပွဲလေးပင်ဖြစ်သော်ငြား.....ဇာတ်အဖွဲ့ပါပါ၍ ရွာနီးစပ်များမှလည်းလာမည်ဖြစ်၍စည်ကားနေ၏။

သော်ဇင်တို့ ၁၁ယောက်ကတော့ ဘူးသီးကြော်ဆိုင်သို့ရောက်လာကြသည်။စားပွဲဝိုင်းနှစ်ခုကိုဆက်ပေးအပြီးမှာဘူးသီးကြော်များမှာယူလိုက်သည်။

ခပ်နုနုဘူးသီးလေးများအား မုန့်နှစ်ဖြင့်လူး၍ဆီပူအိုးထဲထည့်ကာ ရွေရောင်သန်းလာသည်နှင့် အကြော်ဆရာကဆယ်လိုက်သည်။ထိုဘူးသီးကြော် ကြွတ်ကြွတ်ရွရွပူပူနွေးနွေးလေးအား မန်ကျည်းချဉ်လေးဖြင့်တို့ကာ ကိုက်လိုက်သည်။နောက် ဆက်လက်ရွက်လေးတစ်ကိုက်။ဂေါ်ဖီလေးကိုပါ အချဉ်လေးနဲ့နှစ်ပြီးကိုက်ရသည်က အရသာတစ်မျိုး။

"ဟိတ်ကောင်တွေ ပြီးရင်ပင်လယ်ဓားပြသွားစီးရအောင်"

"အေးသွားမယ်လေ"

လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍(Completed)Место, где живут истории. Откройте их для себя