အပိုင်း(၁၆)/အပိုင္း(၁၆)

2K 181 0
                                    

Unicode
-------------

နေ့လည်နေ့ခင်းချိန် ရွာအဝင်လမ်းထိပ်က လက်ပံပင်ကြီး၏သစ်မြစ်တွေကြားထဲဝယ်......

"ကိုကို ငယ်ငယ့်ကိုချစ်လား"

"အင်း....ချစ်တာပေါ့ငယ်ငယ်ရယ်"

"အပိုတွေပါနော် ငယ်ငယ်က ကိုကို့ကိုအရင်စချစ်ခဲ့ရတာ လူဆိုးကြီး"

"ဟင် ဟုတ်လား......"

ခန့်လူက သော်ဇင့်ကိုရင်ခွင်ထဲထည့်ထားရင်းမှ အောက်ကိုငုံ့ကသော်ဇင့်မျက်နှာလေးကို ကြည့်မိသည်။
တကယ်ပါ အနုစိတ်သေချာကြည့်မိလေလေ ငယ်ငယ့်ကို ပိုပိုပြီးချစ်မိလေလေ.....။

"ဟုတ်တယ် သိလား ငယ်ငယ်က ကိုကို ဒေါ်ကြီးအိမ်ထဲ ဘူးသီးကြီးကိုင်ပြီးဝင်လာကတည်းက ရင်ထဲတစ်မျိုးကြီးခံစားနေရတာ....."

"ချစ်မိသွားတယ် ဆိုပါတော့"

"ကိုကိုနော်....."

"ဟဟ"

ခန့်လူက ခပ်ဟဟရယ်သည်။

"ငယ်ငယ့်ကိုကိုက ဒီတိုင်းနေလည်းချောပေမဲ့
ရယ်လိုက်ရင် ပိုချောတာ......နမ်းချင်လာပြီ ဟီး"

"ကိုကိုက ငယ်ငယ့်အပိုင်မို့ ငယ်ငယ်နမ်းချင်တိုင်းနမ်းလို့ရတယ်။ကိုကို့ကိုရော.......နမ်းခွင့်ပေးမလား"

"အင်း.....ငယ်ငယ်ကလည်း ကိုကို့အပိုင်မို့ ကိုကိုကြိုက်တဲ့ချိန်နမ်းလို့ရတယ်"

နှုတ်ခမ်းသားလေးနှစ်စုံက ထိကပ်သွားခဲ့သည်။နူးညံ့အိစက်တဲ့နှုတ်ခမ်းလွှာတစ်လွှာချင်းကို ခန့်လူအသာစုပ်ယူနေမိသည်။စိုစွတ်လာတဲ့အထိအတွေ့တွေက ရင်ကိုသာယာလှိုက်မောစေ၏။ကြက်သီးမွေးတွေတဖြန်းဖြန်းထလာကာ နှလုံးသားကတဒုန်းဒုန်းခုန်နေသည်။

"အင့် ဟင့်......ကိုကို"

မောဟိုက်နေသော အသံငယ်လေးထွက်အလာမှာတော့ ခန့်လူမှာ ထိုနှုတ်ခမ်းလွှာလေးကို မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပေးလိုက်ရသည်။

သော်ဇင့်ခမျာ.....ဟောဟဲလိုက်လို့။

"မောသွားပြီလား"

"ဟင့်အင်း ထပ်နမ်းချင်သေးတာ......."

စကားအဆုံးမှာတော့.....
ခန့်လူသည် သော်ဇင့်ရဲ့နှုတ်ခမ်းလေးအား သူ့နှုတ်ခမ်းနဲ့ ထိကပ်လိုက်ပြန်သည်။
တော်တော်မလွယ်တဲ့တောသားပါပဲ.......။

လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]حيث تعيش القصص. اكتشف الآن