အပိုင်း(၁၇)/အပိုင္း(၁၇)

1.9K 178 1
                                    

Unicode
-------------

"ငါ့ TVကြီးဘယ်ကောင်မသွားတာတုန်းကွ!!!"

"ဟိတ်ကောင်တွေ....."

အခုကတော့ ရွာလမ်းထဲ ဒေါသတကြီးနဲ့လျှောက်လာတဲ့ဦးသာလှကိုတွေ့ရမှာပဲဖြစ်ပါတယ်။
သစ်ပင်အကွယ်က တရားခံအုပ်စုမှာတော့ တခွီးခွီး တဟီးဟီးနဲ့။ဦးသာလှမမြင်အောင်လည်းပုန်းနေရသေးသည်။

"ဟာ.....ငါ့ဟာတွေ ကုန်ပါပြီ ကုန်ပါပြီ ဘယ်ခွေးသားတွေတုန်းကွ!!!"

နောက်....သူ့ရဲ့phကြီးကိုယူပြီး တစ်နေရာကိုဆက်နေပြန်သည်။

Deeee.......Deee.........
ဖုန်းက ကိုစည်သူ့ထဲဝင်လာ၏။

"ဟဲလို....."

"အေး.....စည်သူ လမ်းထဲခနထွက်လာစမ်းပါကွာ...ညက ဘယ်ကလေကဝအုတ်ကြားမြက်ပေါက်တွေလဲမသိဘူး ငါ့TVကြီးနဲ့ ရေပူရေအေးစက်ကိုခိုးသွားကြတယ်။ပြတင်းပေါက်မပိတ်မိတာမှားတာပဲ။တောက်!"

"ဟိ"

"ဘာရယ်တာလဲကွ!!"

"မရယ်ပါဘူးဗျာ...ဟုတ်ပါ့!တော်တော်ဆိုးတဲ့ကောင်တွေပဲ ဘယ့်နှယ့်"

"အေးကွာ တခြားဟာဆိုမပြောဘူး။အခုကပျက်သွားရင်မလွယ်ဘူးကွ"

"ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော်အခုလာခဲ့မယ်"
စည်သူ့မှာ ပါးစပ်ကြီးဖြီးပြီး phချလိုက်သည်။ကျေနပ်လိုက်လေခြင်း အရသာရှိလိုက်လေခြင်း.....။

"ဘယ်လိုသွားမှာလဲ အစ်ကိုကထွက်သွားရင်သိမှာပေါ့"

"ရတယ်လေ ဒီခြံအနောက်ကနေ ပတ်သွားလိုက်မယ် မင်းတို့လည်းပြန်တော့မယ်ဟုတ်"

"အေး.....သွားပြီနော်!"

ကိုစည်သူကတော့ ဦးသာလှဆီသွားကာ ကျန်လူများကတော့ အိမ်ပြန်ကြသည်။ဦးသာလှလည်း နောက်အမှတ်မရှိထပ်ကြွားတော့မည်မထင်ပါ။မဟုတ်ရင် တစ်အိမ်လုံးပြုတ်ကိန်းရှိသည်လေ။

********************

လက်ရှိကား.......ခန့်လူနဲ့သော်ဇင်တို့သည် သန့်စင်တို့အိမ်တွင် ခန့်လူ၏အမေဖြစ်သူဒေါ်သက်သက်၏ရှေ့မှာ ခပ်ကျုံ့ကျုံ့ကလေး.....။ဒေါ်ကြီးကလည်း ကုလားထိုင်ပေါ်မှာ....။
ကျန်တဲ့ကောင်တွေကလည်း အနောက်မှာ ထိုင်ပြီးကြည့်နေကြသည်။

လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ