အပိုင်း(၁၂)/အပိုင္း(၁၂)

2.1K 199 6
                                    

Unicode
-------------

"ကဲ....စားလို့ရပြီ"
စနိုးမက သူလက်စွမ်းပြထားသော မာလာရှမ်းကောအိုးကြီးကိုမလာပြီး သူငယ်ချင်းတွေဝိုင်းထိုင်နေသည့်နေရာသို့ယူလာကာချလိုက်သည်။

"ဟဲ့ မုတ်သုံရော....ဟိုအစ်ကိုလည်းပါလာတယ်မှတ်လား"
စနိုးကခုနတုန်းက မုတ်သုံအော်ခေါ်လိုက်သည်ကိုကြား၍မေးလိုက်သည်။

"အေး....ကိုကြီးသန့်စင်သြဝါဒခြွေနေတယ် ရတုကောင်းမှုကြောင့်လေ"
သော်ဇင်က စနိုးရဲ့အမေးကို ရတုကိုမေးငေါ့ပြကာဖြေလိုက်သည်။

"ဟင် ရတုကဘာပြောလိုက်လို့လဲ"

"ဟ.....ငါလည်တမင်ပြောတာမဟုတ်ပါဘူးဟ ရုတ်တရက်ထွက်သွားတာပါ အစ်ကိုကယောကျာ်းချင်းကြိုက်လို့ရလားမေးလို့ အစ်ကို့ညီနဲ့ဟိုမြတ်လူဆိုတဲ့တစ်ယောက်တောင်တွဲနေကြတာကိုလို့ပြောလိုက်တာ......"

"ဘာ...မုတ်သုံနဲ့မြတ်လူကတွဲနေကြတယ်"

ရတုတစ်ယောက်သေပြန်ပါပြီ.....။ကိုခန့်လူရှိနေတာကို မေ့သွားလေခြင်း။

မင်း...တိုင်နဲ့ခေါင်းနဲ့သာ ဆောင့်သေလိုက်ပါတော့ရတုရာ....

ကိုခန့်လူက ကိုသန့်စင်လိုဒေါသတကြီးမတုံ့ပြန်ပါဘဲ အံသြဟန်သာပြသောကြောင့် သူတို့တွေနည်းနည်းတော့စိတ်အေးရသည်။
ထို့နောက် ကိုခန့်လူက ကိုသန့်စင်အခန်းထဲသို့ဝင်သွားလေသည်။

************************

ခန့်လူတစ်ယောက်အခန်းထဲဝင်လာတော့ ကြမ်းပြင်ပေါ်မှာ ဟိုနှစ်ယောက်က ငြိမ်ကုတ်လို့။

"ဒီအကြောင်းခန့်လူသိပြီးပြီလား"
သန့်စင်၏အမေးကို နှစ်ကောင်သားခေါင်းကလေးတွေ တခါခါ။

"ငါသိပြီးပါပြီ"

"ဟင်!.....ကိုကြီး"

"ကျွန်တော် တောင်းပန်ပါတယ်"
ခန့်လူဝင်လာတာကိုမြင်တော့ မြတ်လူကလန့်သွားပြီးမှ အပြစ်သားတစ်ယောက်လိုတောင်းပန်ရှာသည်။

"မလိုဘူး မြတ်လူ ကိုကြီးနားလည်တယ်"

"ဟ ခန့်လူ ဒါနောက်သင့်တဲ့ကိစ္စမဟုတ်ဘူးနော် ဒေါ်လေးသက်သိရင် ဘယ်လောက်စိတ်ထိခိုက်မလဲ အမေကလည်း မုတ်သုံကိုတူဆိုပေမဲ့ သားအရင်းလိုပဲ သူ့သားကယောကျာ်းတစ်ယောက်နဲ့တွဲနေတာသိရင် သေချာပေါက်စိတ်ထိခိုက်မှာပဲ"

လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]Where stories live. Discover now