Unicode
-------------"ဟာ.....သန့်စင်တို့လာပြီလား လာလာ ဒီအိုးကိုတစ်ချက်လာမွှေပေးဦး"
ယခင်အခေါ်အဝေါ်အရရွာရဲ့ကာလသားခေါင်း စည်သူက သန့်စင်လက်ထဲယောက်မအကြီးကြီးတစ်ခုကိုပေးကာ ရာဝင်ဒယ်အိုးကြီးထဲမှ ဆီသတ်ထားသော ကြက်သားများအားမွှေခိုင်းသွားသည်။
"ခန့်လူ လာကူဦး"
"ကျွန်တော်တို့လာပေးမယ်"
ဒယ်အိုးကကြီးတော့ တစ်ယောက်မွှေအားနဲ့မနိုင် နှစ်ယောက်သုံးယောက်လောက်မွှေမှရသည်။သန့်စင်က ခန့်လူကိုခေါ်သော်လည်း
ရတုကပြောပြောဆိုဆို ရဲရင့်ကိုခေါ်ပြီး ယောက်တက်ကိုကောက်ကိုင်လိုက်သည်။"အေး မင်းတို့မွှေထား အစ်ကိုအိုးအောက်မှာ ထင်းစိုက်ဦးမယ်"
"ဟေ့!ဒီတစ်အိုးအတွက် လာကြဦးလေကောင်လေးတွေ"
ပိန်ပိန်သေးသေးနဲ့ သွက်သွက်လက်လက်ရှိသော အဒေါ်တစ်ယောက်မှ အသံအောင်စွာအော်ခေါ်လေသည်။"လာပြီ ကြီးတော် လာပြီ
လာ ခန့်လူတို့ ဒီဘက်ကိုလာကြပါဦးဟ""သွားမယ်လေ ကိုကို"
စည်သူကခေါ်ပြန်တော့သော်ဇင်က ခန့်လူရဲ့လက်ကိုဆွဲကာ ထိုအဒေါ်ကြီးနားကိုသွားပြီး ယောက်တက်အားကောက်ကိုင်လိုက်သည်။
အိုးမကပ်အောင်မွှေတာပဲ တစ်ခါမှမလုပ်ဖူးပေမဲ့ လုပ်တတ်ပါတယ်။
စည်သူကတော့ မင်္ဂလာမဏ္ဍပ်ဆောက်ထားသည်ကို သေချာပြန်စစ်ကြည့်နေသည်။"ငါတော့ တတိယဘီးဖြစ်ပါပြီ ဟိုကောင်တွေနဲ့လိုက်သွားရင်ကောင်းသား.....သတိရလိုက်တာမောင်ရေ....."
မုတ်သုံလည်း ကိုယ့်ဘဝကြီးကိုကိုယ်နာကျင်စွာတွေးကာအဝေးမှာရောက်နေတဲ့ချစ်သူကိုတမ်းတရင်းပင် အောက်ကထင်းကိုမီးအတိုးအလျှော့လုပ်နေလိုက်သည်။
တကယ်က ခန့်လူကိုသန့်စင်တွေ့ကရာဆွဲဝတ်ခိုင်းလိုက်သည့်အင်္ကျီက မနှစ်တုန်းက မြတ်လူပြန်လာတော့ဝယ်ပေးခဲ့သည့် ရှပ်အင်္ကျီအဖြူအသစ်လေးပင်။ခန့်လူလည်း အင်္ကျီပေမှာစိုး၍ ချွတ်လိုက်သည်။
ထွေးငယ်တို့ အပျိုဝိုင်းရှိ မိန်းကလေးများ၏အာရုံက ခန့်လူဆီသို့ သိသိသာသာ။
ကိုလူရိုးကြီးခန့်လူကတော့ မသိရှာပေ။
YOU ARE READING
လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]
Romance[COMPLETED] Unicode and Zawgyi ================ Unicode --------- သွက်သွက်လက်လက်ရန်ကုန်သားလေးရယ် တောသားလူရိုးကြီးရယ်.....။ "တောသားကောင်ကချောလိုက်တာ....." ဟု ဆိုရာကနေ အစပြုပြီး။ *ဝါသနာအရမို့ အရေးအသားနုပါတယ်ရှင့်။ကြိုးစားနေဆဲမို့ အရေးသားပိုင်းနဲ့ပတ်သတ...