အပိုင်း(၉)/အပိုင္း(၉)

2.2K 192 0
                                    

Unicode
-------------

တကယ်တော့ သူတို့သူငယ်ချင်းအုပ်စုက ကိုသန့်စင်ရဲ့လယ်ထဲကိုလိုက်သွားကြခြင်းပင်။တစ်နေကုန်လယ်ကန်သင်းရိုးတွေ လမ်းလေးတွေမှာ ကစားလိုက်ဓာတ်ဖမ်းလိုက်လုပ်ပြီး ညနေစောင်းပြီမို့ရွာထဲပြန်လာကြသည်။ကိုသန့်စင်ကတော့ငှါးထားတဲ့သူ ဒီကနေ့အကြောင်းအမျိုးမျိုးကြောင့်မအားသည်မို့ ညဘက်လယ်စောင့်ရန်ကျန်ခဲ့သည်။

ရွာထဲလမ်းလျှောက်လာရင်း မုတ်သုံကရုတ်တရက် အရှေ့မှာလွယ်အိတ်လေးလွယ်ပြီးသွားနေသော ကောင်လေးကိုဝင်တိုက်ပြီး ရည်းစားတွေလိုပြောဆိုနေသည်မို့ သူတို့တစ်အုပ်လုံးအံသြနေရသည်။

"အဆင်ပြေရဲ့လား ရဲရင့်"

"အင်း....."
မျက်ရည်တွေကဝဲနေသောငြား ဘယ်သူမှမမြင်ခင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာထိန်းလိုက်သည်။
အရာအားလုံးသိနေသော သော်ဇင်ကတော့ ရဲရင့်ကိုစိတ်မကောင်းစွာကြည့်နေသည်။

"ဟင် ဘာဖြစ်တာလဲ။သော်ဇင် ရဲရင့်ကဘာဖြစ်တာလဲ"
ရတုကစပ်စုပြန်သည်။

"ဘာမှမဟုတ်ပါဘူးကွာ......ဒီတိုင်းပဲ"
ရဲရင့်ပိုပြီးဝမ်းနည်းနေမည်စိုး၍ သော်ဇင်က ငြင်းပေးရှာပါသည်။

"အံမယ်....ပြောပြနော် နင်တို့ကလည်း"

"အေးလေ မုတ်သုံကဘဲရတာကို surpriseတွေဖြစ်သွားတာလား ဒီကောင်မုတ်သုံငါတို့ကိုတောင်မပြောဘူး မင်းတို့ရောသိလား နင်တို့ရောဟဲ့"
စနိုးနဲ့ ပုလဲအပါအဝင် အကုန်လုံးက ခေါင်းလေးတွေတစ်ခါခါဖြင့်.....

**********************

တကယ်ဆိုရဲရင့်က ရန်ကုန်ကပင်။
လှည်းတန်း ၄လမ်းအတွင်းမှာ ရဲရင့်တို့မိသားစုနေသည့်တိုက်ခန်းရှိသည်။
မုတ်သုံက ရွှေဘိုဖက်ကနေကျောင်းလာတက်သူ။

"ကျစ်.....သော်ဇင်ကလည်းကြာလိုက်တာ သူ့စောင့်နေရတာနဲ့ပဲ တစ်ချိန်ကုန်တော့မယ်"
လက်ကနာရီကိုကြည့် စာအုပ်အနည်းငယ်သာပါသော ခပ်ပေါ့ပေါ့လွယ်အိတ်ကိုပုခုံးတစ်ဖက်မှာ လျှော့တိလျှော့ရဲချိတ်ထားသည်။

လက်ကလည်းphကိုကိုင်ကာသော်ဇင့်ကိုphခေါ်နေရသည်။
ဒီကြားထဲဝတ်ထားတဲ့ပုဆိုးကကျွတ်တော့မည်မို့ phကိုနားနဲ့ပုခုံးကြားညှပ်ပြီး ပုဆိုးပြင်ဝတ်လိုက်ရသည်။
တကယ့်ကို ဖရိုဖရဲနဲ့ရဲရင့်ပါပင်.....။

လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]Where stories live. Discover now