အပိုင်း(၁၀)/အပိုင္း(၁၀)

2.2K 205 12
                                    

Unicode
-------------

သူတို့တွေ မုတ်သုံအကြောင်းကိုတပြောပြောဖြင့်လျှောက်လာလိုက်တာ ကိုခန့်လူတို့အိမ်ရှေ့ပင်ရောက်လာလေပြီ။လမ်းပေါ်ကနေ ခြံထဲကြည့်လိုက်တော့ အိမ်ပေါက်ဝမှာ မုတ်သုံနဲ့ ဟိုကောင်က ကလူကျီစယ်နေကြသည်။

သူ့သူငယ်ချင်းရဲရင့်ရဲ့ချစ်ရသူကို လုသွားသော မြတ်လူဆိုသည့်ကောင်ကို သော်ဇင်မကျေနပ်ပါ ရဲရင့်ကပုံမှန်အတိုင်းသာနေနေသော်လည်း မုတ်သုံကိုသိပ်ချစ်တဲ့ရဲရင့်ရဲ့ ရင်ထဲမှာ နာကျင်နေမယ်ဆိုတာ သူသိပါသည်။

တကယ်ဆိုမြတ်လူသော်က သူတို့ထက်တောင်အသက်ပိုကြီးသေးသည်။ကိုခန့်လူရဲ့ညီဖြစ်နေ၍သာ မချစ်သော်လည်းအောင့်ကာနမ်းရဦးမည်။ဒါပေမဲ့ ကြည့်မရ.....

နေပါဦး ငါကဘာလို့သူ့ကိုနမ်းရမှာလဲ ငါ့ကိုခန့်လူကိုပဲနမ်းမှာပေါ့!

"ဆောရီး ငါမင်းတို့ကိုမေ့သွားတယ် ဟီး.....လာကြလေ"

"ဟွင်း ဟွင်း....မိတ်ဆက်ပေးစမ်း!"
စနိုးက မုတ်သုံကို စတဲ့နောက်တဲ့သဘောမျိုးနဲ့ ပြောလိုက်လေသည်။

"သြော်....ဒါ ငါ့ရဲ့ ငါ့ရဲ့ကောင်လေး ဟို....."

ဖြောင်း....!
စကားတွေထစ်ထစ်အအနဲ့ ရှက်ပြီး လည်ဂုတ်ကိုလက်နဲ့ပွတ်နေသောမုတ်သုံ၏နောက်စေ့ကို ရတုကရိုက်ထည့်လိုက်၏

"ဟာ....အသုံ အသုံနာသွားလား ညီလေးကလည်း အသုံ့ကိုမရိုက်ပါနဲ့"

ရတုမျက်နှာကြီးမဲ့ကျသွားသည်မှာ ဘီလူးသံပုရာသီးကိုက်မိသလို။

ရဲရင့်ကတော့ပြုံးလို့သာနေသည်။
သူချစ်တဲ့ဒီကောင်လေးကို သည်းသည်းလှုပ်ချစ်ပေးသည့်သူရှိတဲ့အတွက် သူဝမ်းသာပါသည်။
အမြဲတမ်း သူငယ်ချင်းအနေနဲ့သာအနားမှာရှိခွင့်ရသည်ကိုပဲကျေနပ်ပါတော့မည်လေ....။

****************

"ဟော....လူစုံတက်စုံပါလား"
အချိန်ကား ညနေစောင်းပြီဖြစ်၍ ကိုခန့်လူလည်းပြန်လာပြီဖြစ်သည်။

"ကိုကြီး...."

"ဟင်!မြတ်လူ ဘယ်တုန်းကရောက်နေတာလဲ"

"လေးနာရီလောက်ထဲကရောက်နေတာလေ ကျွန်တော်တစ်ယောက်တည်းဖြစ်နေလို့ အသုံတို့အုပ်စုကစောင့်နေပေးသေးတာ"

လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]Место, где живут истории. Откройте их для себя