အပိုင်း(၃)/အပိုင္း(၃)

3K 269 21
                                    

Unicode
-------------

မနက်ဝေလီဝေလင်းအချိန်.....
ဆောင်းဝင်စပြုချိန်ပင်ရှိသေးသော်လည်း နေမထွက်သေးသည်မို့ မြူများအနည်းငယ်မှိုင်းကာအေးစိမ့်နေသည်။
လင်းကြက်တွန်သံနှင့်အတူဒေါ်ကြီး၏ဘုရားရှိခိုးသံကိုလည်းကြားနေရသည်။
အိပ်နေသောသူတို့၏နားထဲတွင်ကား.....ဘုရားရှိခိုးသံကိုကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေသည်။သို့သော် အနှောင့်အယှက်ဖြစ်ဟန်မရှိပါ။

ဤသို့ပြုရ မြတ်ပုညကို ကြီးထမြင့်ခေါင် မြင်းမိုရ်တောင်ဦး............×××××××××.................

အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့........

သာ......ဓု သာ......ဓု သာဓု

ဒေါ်ကြီး၏ဘုရားရှိခိုးသံအပြီး နိုးလာသည်က ကိုသန့်စင်။
မျက်လုံးနှစ်လုံးပွင့်ပွင့်ခြင်းပင်ဘေးကကောင်လေးကိုကြည့်လိုက်တော့ အိပ်မောကျနေသည်မှာတစ်ချက်မှမနိုးသည့်ဟန်။မနေ့ကလို ကားကားယားယားမအိပ်ပဲ ကျုံ့ကျုံ့လေးအိပ်နေလို့ကြည့်လိုက်တော့ သကောင့်သားကစောင်လွတ်နေသည်။
သန့်စင်လည်းထိုကောင်လေးပေါ်သို့ ဂွမ်းစောင်ထူထူကိုလွှားထားခဲ့ပြီး ခြင်ထောင်ကိုမကာအပြင်ကိုထွက်လာခဲ့၏။

မျက်နှာသစ်သွားတိုက်ပြီး မြို့သွားရန်လွယ်အိတ်ကိုစစ်လိုက်သည်။မြေသြဇာနဲ့မျိုးစေ့တစ်ချို့ဝယ်ရမှာမို့ ညကလုပ်ထားသောစာရင်းနှင့်ပိုက်ဆံထုတ်ကိုသေချာစစ်နေသည်။phကအိပ်ရာထဲမှာကျန်ခဲ့သည်မို့ phယူရန်ခြင်ထောင်ကိုမလိုက်သည်။ဘာရယ်မဟုတ် ကောင်လေးဆီသို့အကြည့်ရောက်တော့စောင်ကလွတ်နေပြန်သောကြောင့် ကောင်လေးအားစောင်ဖြင့် ကောက်ညှင်းထုတ်လိုပတ်ပေးလိုက်သည်။

"ခွီး ချစ်စရာလေး.....အင် အဟမ်း!!"

ရုတ်တရက်ပြောမိလိုက်ပြီးမှ ဘယ်သူမှမကြားလိုက်သော်လည်း ရှက်ရမ်းရမ်းပြီးကိုယ့်ဟန်ဖို့ချောင်းဟန့်လိုက်ရသည်။
ထို့နောက်အိတ်ကိုယူပြီးမနက်စာစားကာ ကားစောင့်ရန် ရွာအဝင်လမ်းထိပ်သို့ထွက်လာခဲ့သည်။

*************************

ခုနစ်နာရီလောက်မှသော်ဇင်တို့လည်းနိုးလာပြီး ဒေါ်ကြီးနဲ့ထွေးငယ်ပြင်ပေးထားသည့်မနက်စာပင်စားနေကြပြီ။ပဲပြုတ်ထမင်းဆီဆမ်းလေးရယ်၊ရွာတောင်ပိုင်းကအရီးလှ၏အကြော်စုံဆိုင်မှ ကြက်သွန်ကြော်ပူပူနွေးနွေးကြွပ်ကြွပ်လေးရယ်.....ရေနွေးကြမ်းလေးရယ်၊အအီပြေမန်ကျည်းချဉ်လေးရယ်။

လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]Where stories live. Discover now