အပိုင်း(၁၃)/အပိုင္း(၁၃)

2.1K 189 0
                                    

Unicode
-------------

ရဲရင့်တစ်ယောက် လက်ထဲကြွတ်ကြွတ်အိတ်ထုပ်ကြီးဆွဲပြီး ရွာလမ်းတွေထဲပတ်လျှောက်နေပါသည်။တကယ်တော့ သူကတစ်ယောက်ယောက်ကို လိုက်ရှာနေခြင်းပင်။
ဟော....သူရှာနေတဲ့သူကိုတွေ့ပါပြီ

ဒီကောင်လေးကတော့ကွာ နေပူကြီးထဲ အပူရှပ်တော့မှာပဲ။

"သာအေးရေ ဟေ့!!!သာအေး"

သာအေးကလှည့်ပင်မကြည့်။

နေပါဦး သူအခုဒီကောင်လေးဆီကနေ အချေခံလိုက်ရတာလား????

"သားအေးလေးရေ......."
ပြုံးပြုံးလေးနဲ့လေသံအေးအေးလေးဖြင့်ခေါ်ကာမှ လှည့်ကြည့်ဖော်ရတော့သည်။

ဟက်....အရူးပါးလေးပဲ

သူ့ကိုလှည့်ကြည့်နေသောသာအေးကို သူလက်ယက်ပြီးခေါ်လိုက်တော့ သာအေးကရေခန်းခါနီး၍ ဗွက်ထနေသောချောင်းထဲကနေတက်လာသည်။
မျက်လုံးပြူးပြူးလေးနဲ့ရဲရင့်ကိုကြောင်တောင်တောင်ကြည့်နေသော သာအေးလေးကသိပ်ချစ်ဖို့ကောင်းလှသည်။အသားဖြူဖြူဥဥ အရပ်ပုပုလေးနှင့် ကလေးရုပ်လေးပင်။

သကောင့်သားလေးက သူရှိရာကိုလာပြီး ဘာမှမပြော မေးငေါ့ပြသည်။

"မုန့်ယူလာတယ်စားမလား"

"မုန့်?"

မုန့်ဆိုသည့်အသံကြားတော့ မျက်လုံးကဘလင်းဘလင်းဖြစ်လာ၏။မျက်နှာမှာလည်းရွှင်မြူးနေသည့် သာအေးပါလေ။

"အေး မုန့် စားမှာလား"

"စားမယ် စားမယ်"

ဝမ်းသာအားရ ရဲရင့်လက်ထဲကအထုတ်ကိုဆွဲယူဖို့လုပ်သည့်သာအေးနှဖူးအား ရဲရင့်ကလက်ဖြင့်တွန်းထားသောကြောင့် လိပ်ကလေးလိုယက်ကန်ယက်ကန်ဖြစ်နေသည့် အမောင်သာအေး။
သူ့လက်ထဲကိုမုန့်ကမရောက်တော့ စိတ်မကြည်ချင်တော့.......

"အီး ဟီး.......မုန့်စားမယ် မုန့်စားမယ်လို့"

ရုတ်တရက်ထငိုသော သာအေးကြောင့် ရဲရင့်မှာလန့်သွားရသည်။

"အေး ကျွေးမယ် ကျွေးမယ်"

ကျွေးမယ်ဆိုကာမှ မျက်ရည်တွေရွှဲနစ်နေသောမျက်လုံးဝိုင်းလေးနဲ့မော့ကြည့်လာသည့်ကောင်လေး.....။

လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]Where stories live. Discover now