Unicode
-------------
ရေချိုးသည့်နေရာက အိမ်အနောက်ဖက်သရက်ပင်ကြီး၏အောက်တွင်။
ရေတွင်းဆို၍ကြည့်လိုက်တော့....ကျောက်စည်၏ဘေးဘက်တွင် ခြေသလုံးလောက်သာမြင့်သောပိုက်လုံးတစ်လုံးကိုထောင်လျှက်ထားထားသည်။သစ်သားတုတ်တန်းဖြင့်ကြိုးကိုတွဲချည်ထားသည်ကရေပုံးမဟုတ်။အောက်ကပိုက်လုံးထက်အနည်းငယ်လုံးပတ်သေးသော ပိုက်လုံး။ထိုပိုက်လုံးကတော့ ရှည်သည်။
ခန့်လူဆိုသည့်သူက လုံးပတ်သေးသောပိုက်ကိုကြိုးမှကိုင်ကာ ပိုက်လုံးအကြီးထဲသို့ထည့်လိုက်ပြီးပြန်ဆွဲတင်သည်။ထို့နာက်ထိုပိုက်လုံးထဲမှရေများအား.... ကျောက်စည်ဘေးရှိရေပုံးထဲသို့သွန်ချလိုက်သည်။
"ဟင် အဲ့လိုခပ်လို့ရတယ်လား"
"အင်း"
"မဟုတ်ဘူးလေ အထဲမှာရေရှိပေမဲ့ပိုက်ကိုရေထဲချလိုက်ရင် ပေါလောပေါ်နေမှာဟုတ်ဘူးလား ဘယ်လိုရေတွေအထဲရောက်လာတာလဲ"
"ခပ်လိုက်တဲ့ပိုက်ရဲ့အောက်မှာအပိတ်ရှိတယ်။ရေထဲချလိုက်ရင်အပိတ်ကဟသွားပြီး ရေတွေဝင်လာတယ်။ရေတွေအထဲရောက်သွားရင် ပိုက်အောက်ခြေကသူ့ဟာသူပြန်ပိတ်သွားတာ။"
ခန့်လူက ပြောပြရင်းရေခပ်နေသည်မှာ ရေတစ်ပုံးပင်ပြည့်သွားသည်။
ဟင်း.....စကားတော့ပြောပါရဲ့ အရယ်အပြုံးကမရှိခပ်တည်တည်နဲ့။စိတ်ဆိုးနေတဲ့သချာၤဆရာမကိုစာရှင်းပြခိုင်းရသလိုပဲ....။
သော်ဇင်သည် ခန့်လူကိုမကျေမနပ်ကြည့်ကာစိတ်ထဲမှပြောလိုက်သည်။
ရေခပ်နေသည့်ခန့်လူ၏ ကျောပြင်ကြွက်သားများမှာ ခန့်ညားကာကြည့်ကောင်းနေသည်။သော်ဇင်လည်းတမေ့တမောငေးကြည့်ရင်းမှ သတိဝင်လာကာ.....
"ကျွန်တော်လုပ်ကြည့်မယ်"
သော်ဇင်လုပ်ကြည့်မယ်ဟုပြော၍ ခန့်လူကသော်ဇင့်လက်ထဲသို့ကြိုးကိုပေးလိုက်သည်။သော်ဇင်လည်းခန့်လူလုပ်ပြသလို ပိုက်ကိုထဲထည့်ကာ ဆွဲတင်လိုက်သည်။
"ဝိုး!!!ရေတွေပါလာပြီ မိုက်တယ်။ကြိုးကိုကိုင်ထားရလို့လားမသိဘူးနော် ပိုက်ထဲရေတွေဝင်လာသလိုခံစားရတယ်"
DU LIEST GERADE
လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍(Completed)
Romantik[COMPLETED] Unicode and Zawgyi ================ Unicode --------- သွက်သွက်လက်လက်ရန်ကုန်သားလေးရယ် တောသားလူရိုးကြီးရယ်.....။ "တောသားကောင်ကချောလိုက်တာ....." ဟု ဆိုရာကနေ အစပြုပြီး။ *ဝါသနာအရမို့ အရေးအသားနုပါတယ်ရှင့်။ကြိုးစားနေဆဲမို့ အရေးသားပိုင်းနဲ့ပတ်သတ...
