အပိုင်း(၁၉)🔞/အပိုင္း(၁၉)🔞

3.1K 188 1
                                    

Unicode
-------------

ညဆယ့်နှစ်နာရီကျော်မှာ တစ်ဖက်ရွာသို့ရောက်ရှိခဲ့ပြီ။မြတ်လူပေးလိုက်တဲ့အရာက သော်ဇင့်ရဲ့ဘောင်းဘီအိတ်ကတ်ထဲမှာ။မတော်လို့အမေလိုက်လာလို့မိသွားရင် အမေ့သားလူပျိုမဟုတ်တော့ပါဘူးဆိုပြီးDramaတွေခင်းပြရမည်မို့ တချို့လုပ်ငန်းတွေကို အမှန်တကယ်အကောင်အထည်ဖော်မှရတော့မည်လေ.....။

ကိုခန့်လူကိုကြည့်ရတာ ခိုးပြေးလာတဲ့ပထမဆုံးညမယ် ဒါမျိုးလုပ်ဖို့စိတ်ကူးထဲရှိမည်ဟုမထင်ပါ......။
သော်ဇင့်အထင်တွေအတိုင်းပဲလား.....?ခန့်လူကရော....?

"ရောက်ပြီ ငယ်ငယ် ဆင်းတော့"

"ကိုကိုက အိမ်ကိုဘယ်လိုသိနေတာလဲ"

"သန့်စင်ဒီဝိုင်းကိုလာကြည့်တုန်းက ကိုကိုလည်းပါတယ်လေ။လာ......"

သူတို့တွေအိမ်ပေါ်တက်လာခဲ့ကြတော့ အိမ်ကဖုန်တွေလူးလူး.....။
ခန့်လူက ထောင့်မှာထောင်ထားတဲ့တံမြက်စည်းအစုတ်တစ်ချောင်းကိုယူကာ တစ်ခန်းတည်းသာရှိသောအိပ်ခန်းကိုကမန်းကမ်းလှည်းလိုက်သည်။
မီးသွယ်ထားပြီးသားဖြစ်တာမို့ ၄ပေမီးချောင်းလေးကိုဖွင့်လိုက်ရုံ။

"ရေချိုးချင်တယ်ကိုကို လမ်းမှာဖုန်တွေကပ်လာတာ ငယ်ငယ်မအိပ်တတ်ဘူး"

"ဟင်.....အေးတယ်လေ ငယ်ငယ်ရ မချိုးပါနဲ့တော့ ကိုကိုရေပတ်တိုက်ပေးမယ်လေနော်"

"ဟုတ်"

လူမနေသောအိမ်ဖြစ်၍ အမှိုက်မရှိဘဲဖုန်တွေသာရှိသည်။ဂေါ်ပြားလည်းမရှိတာကြောင့် ဖုန်တွေကိုကြမ်းကြားထဲလှဲချလိုက်သည်။ထို့နောက် အိမ်ပေါ်ကဆင်းသွားကာ အိမ်အနောက်ရေတွင်းမှာ ရေတစ်ပုံးကိုခပ်ခဲ့လိုက်သည်။

သော်ဇင်ကတော့ ဒီတိုင်းထိုင်ကာ ခန့်လူလုပ်သမျှကိုလိုက်ကြည့်နေရသည်။သူဝင်ကူမယ်ဆိုလည်း ခန့်လူကလက်မခံပါ။ယောကျာ်းယူရတာ ကောင်းလိုက်တာနော်.......။

"အင်္ကျီချွတ်"

ခန့်လူကတစ်ခွန်းတည်းပြောပြီး သော်ဇင့်စပို့ရှပ်ကလေးကိုဆွဲချွတ်တာကြောင့် သော်ဇင့်မှာလက်ကလေးမြှောက်ပေးလိုက်ရသေးသည်။အသားဖြူရုံတင်မက နီတာရဲလေးဖြစ်နေပြီး ပန်းနုရောင်ချယ်ရီနှစ်ပွင့်ထင်းထင်းနဲ့သော်ဇင်က ရှက်ရမည်ပေလား။မဟုတ်ပါ။အသားမဲမုန့်ကျွဲသည်း အညာသားတောသားရဲ့နားရွက်နှစ်ဖက်ဟာ သိသိသာသာနီရဲနေသည်။

လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]Where stories live. Discover now