အပိုင်း(၂၁)/အပိုင္း(၂၁)

2.2K 180 8
                                    

Unicode
--------------

သော်ဇင့်ရဲ့စီစဉ်မှုတွေအတိုင်း ရဲရင့်၊သာအေးနဲ့ရတုတို့မှာ စံရိပ်ငြိမ်ဂမုန်းပွင့်ရှိ ရွှေကောင်းhot potဆိုင်တွင်......။
ထုံးစံအတိုင်း ရဲရင့်မှာတော့ အသားဖတ်ကလေးတွေကို တူလေးနဲ့အသာယူ hot potအိုးထဲနှစ်ပြီးဆယ်... အချဉ်ရည်လေးနဲ့တို့ကာ သာအေးအား အင်္ကျီတွေမပေပွအောင်ခွံ့ပေးနေရသည်။

အသည်းကွဲနေသူ ရတုလင်းကတော့ မာလာhot potအိုးကြီးရှေ့ချကာ မျောက်မှိုင်မှိုင်လို့......။သော်ဇင်ကရော။
သော်ဇင်မအားပါ။ကိုခန့်လူနဲ့ Video Callပြောနေပါသည်။ဒီလိုခေတ်ကြီးထဲမှာ သူ့ကိုရန်ကုန်ပြန်ခေါ်သွားရုံနဲ့ လွယ်လွယ်ပြီးသွားစရာလား။ဒေါ်မြလင်းမေတို့ တစ်ကွက်လိုသွားပါ၏။

"ကိုကိုသာ အနားမှာရှိရင်သိပ်ကောင်းမှာပဲ....။ငယ်ငယ် ကိုကို့ကိုနမ်းချင်တယ်......."

"ကိုကိုရောပါပဲ ချစ်တယ်"

"ငယ်ငယ်လည်း ချစ်တယ်"

နားကြပ်တပ်ကာ စားပွဲထောင့်တွင် ခန့်လူနဲ့ဖုန်းပြောပြီး တစ်ကမ္ဘာဖြစ်နေသောသော်ဇင်သည် ရတုကိုသတိရသွားမိ၏၊

"ကိုကို ကိုသန့်စင်ရော....."

"သန့်စင် ယာထဲမှာ။ဘာဖြစ်တာလဲမသိပါဘူး တစ်နေကုန်အဲ့ဒီမှာပဲ။မုတ်ဆိတ်တွေနှုတ်ခမ်းမွေးတွေလည်းမရိတ်ဘူး သူ့ကိုကြည့်ရတာ ညင်းသိုးသိုးနဲ့"

"ဟင်.....ရတုနဲ့များဆိုင်နေလား"

ရတုကတော့ သူ့နာမည်ကိုပြောလည်း ဘာမှမကြားပါ။အတွေယာဉ်ကြောထဲနစ်မြောနေဟန်.....

"ဒီကောင်ကွာ မချစ်တာလည်းမဟုတ်ဘဲနဲ့ငယ်ငယ်ရယ်။ကိုကိုတို့ထက် သူတို့ကပိုသနားဖို့ကောင်းနေတယ်"

"ဟုတ်ပါ့နော်....သြော် ကိုကို။ငယ်ငယ်ဒီနေ့ တစ်နေကုန်အပြင်မှာပဲရှိနေတယ်သိလား ဖုန်းခေါ်လို့ရတယ်နော် ဒီဖုန်းကို"

"ဟုတ်ပြီ ငယ်ငယ် အဲ့တာဆို ကိုကိုဒီမှာ အမေရေချိုးဖို့ ရေခပ်ပေးလိုက်ဦးမယ် ပြီးရင်ပြန်ခေါ်မယ်နော်"

"ဟုတ်ကဲ့ကိုကို တာ့တာ....."

သော်ဇင်လည်း ဖုန်းချပြီးတာနဲ့စားဖို့ပြင်သည်။ရတုကတော့ တို့ကနန်းဆိတ်ကနန်းနဲ့သာ။

လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]Where stories live. Discover now