အပိုင်း(၅)/အပိုင္း(၅)

2.4K 237 1
                                    

Unicode
-------------

"ခုနက ဘယ်သူလဲ သက်...."

"မသိပါဘူး အစ်ကိုရယ် အဘအုန်းမြင့်ရဲ့တူ
မြို့ကလာတာတဲ့ မိရွှေပြောတာပဲ"

"သြော်....ခပ်ခွာခွာနေနော် သက် သူ့ကြည့်ရတာဆိုးသွမ်းမဲ့ပုံ"

"ဟုတ်တယ် အစ်ကိုရဲ့ ထွန်းရင်တို့နဲ့ပေါင်းကတည်းက သက်ကအထင်ကိုမကြီးပါဘူး အလကားလူဘော့ကြော့တွေ သက်ရဲ့အစ်ကိုကမှတကယ့်ကြိုးစားတဲ့ ယောကျာ်းကောင်း"

ပြောရင်း သက်သက်ကမျက်နှာကလေးနီကာ ခေါင်းလေးငုံ့သွားရှာသည်။ရှက်သွားသော ချစ်သူလေးကို လူခင်က ချစ်မြတ်နိုးစွာကြည့်ရင်း.......

"ဟားဟား ဟုတ်ပါပြီသက်ရယ်....ကိုယ်တို့နီးတော့မှာပါ အမေရင်ကလည်းကိုယ်တို့ကိုသဘောတူတယ်မဟုတ်လား ကိုယ်ငွေပြည့်ရင်သက်ကိုလာတောင်းမယ်နော်"

"ဟုတ်ကဲ့ အစ်ကို"

ကိုလူခင်သည် သက်သက်၏ရေအိုးကိုပိုက်ပေးကာ အိမ်ထိပြန်လိုက်ပို့သည်။
သက်သက်တို့၏ ဝါးထရံကာတဲအိမ်လေးသို့အရောက်....တဲပေါ်မှ အမေကြီးက

"မောင်လူခင်လား လာ အိမ်ပေါ်တက်လေကွယ်"

"မတက်တော့ဘူးအမေရင်ရေ.... ကျုပ် သူကြီးဖိုးသာအိမ်သွားရဦမယ်"

"ဘာလို့တုန်း"

"သူကြီးမိန်းမ မသူဇာလေ.....ကိုယ်ဝန်ရှိနေတာ သုံးလလောက်ရှိပြီလေ"

"အေး ဟုတ်တယ်လေ....ဘာလို့တုန်း"

"အဲ့တာဗျာ......သူလဲအသက်ကြီးမှရတဲ့ကိုယ်ဝန်ဆိုတော့ မသူဇာကစိုးရိမ်တာပေါ့ ကံကောင်းအောင် ဗေဒင်လေးဘာလေးမေးတော့ ဗေဒင်ဆရာက အိမ်နောက်ကဗံဒါပင်ကိုခုတ်ခိုင်းလို့တဲ့ ကျုပ်သွားခုတ်ပေးရဦးမယ် သွားပြီအမေရင်ရေ....."

"အေးအေး ဟုတ်ပြီ"

ကိုလူခင်ပြန်သွားသည်နှင့် သက်သက်လည်းရေအိုးကို ရေဖြည့်ကာ အဝတ်တွေရုတ်လိုက်သည်။

--------------------

"ဟိတ်ကောင် ကျော်စွာ....မင်းသက်သက်ကို တကယ်ချစ်တာလား"

"ချစ်တယ်ဆိုတာထက်....ငါကသူ့ကိုပိုင်ချင်တာကွ!ဒီလောက်လှတဲ့အလှလေးကွာ"

လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]Donde viven las historias. Descúbrelo ahora