အပိုင်း (၁) Unicode

5K 149 0
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL)(OC)

အပိုင်း(၁)

" ဂျာကြီး မင်္ဂလာပါ "

"အွန်း မင်္ဂလာပါ"

"မင်္ဂလာပါဂျာကြီး"

"အေး မောနင်း"

ရုံးဖွင့်ရက် မနက်ခင်းရဲ့ထုံးစံအတိုင်း ဝန်ထမ်းများက ကုမ္ပဏီသို့ဝင်ထွက်သွားလာရင်း ပိုင်သက်ရှိုင်းမာန် ကိုနှုတ်ဆက်သွားကြသည်။

ပိုင်သက်မှာ အသက် 30ကျော် လူပျိုကြီးဖြစ်ပြီး "Royal Tiger"လုပ်ငန်းစုလက်အောက်ရှိ ရုံးချုပ်တွင် မန်နေဂျာအဖြစ်လုပ်ကိုင်လျက်ရှိသည်။

လူပျိုကြီးတို့ထုံးစံအတိုင်း ငွေကိုတစ်ပြားမှနှစ်ပြားခွာတတ်ပြီး စည်းကမ်းလဲအလွန်ကြီးသည်။

ပိုင်သက် ရုံးခန်းအတွင်းဝင်ဝင်ခြင်း သူငယ်ချင်းဖြစ်သူ မိုးကျော်က သာယာတဲ့မနက်ခင်းကိုအနှောက်အယှက်ပေးလေတော့သည်။

မျက်နှာကြီးကိုပြုံးဖြီးရင်း ကော်ဖီခွက်ရှေ့ချပေးတာမို့ မိုးကျော်တစ်ခုခု ခိုင်းချင်၊လိုချင်နေမှန်းပိုင်သက်သိလိုက်လေသည်။

"မင်္ဂလာပါ ဂျာကြီး ဟီး"

"မိုးကျော် မင်းငါ့ကိုဘာခိုင်းအုန်းမလို့လဲ ဒီရုပ်ကြီးလုပ်နေကတည်းက မင်းငါ့ကို မဟုတ်တာခိုင်းတော့မယ်ဆိုတာငါသိလိုက်ပြီ"

"မင်းကလဲကွာ ငါကမင်းကိုမဟုတ်တာဘယ်နှခါခိုင်းဖူးလို့လဲ"

"ပြောပြရမလား (တစ်) လွန်ခဲ့တဲ့လကငါ့ကိုမင်း ဝန်းထမ်းမလေးကိုစာပေးခိုင်းတယ် စာကမဟုတ်မဟတ်တွေရေးထားတာတော့ ငါကကြားထဲကပါးချခံရတယ် ၊ (နှစ်) လွန်ခဲ့တဲ့သုံးပတ်က ဌာနမှူးကိုလိမ်ပြီးခွင့်တင်ပေးခိုင်းတယ် ပြီးတော့ မင်း ဌာနမှူးရဲ့ညီမနဲ့သွားချိန်းတွေ့တာလေ ငါ့မှာဌာနမှူးနဲ့မျက်နှာပျက်ရသေးတယ် ၊ သုံး ...ဟိုသုံးရက်လောက်ကပဲ ငါ့ကို..."

"တော်ပါတော့သူငယ်ချင်းရာ အဲ့တုန်းကငါ့ကိုကူပေးတာတွေအတွက်ကျေးဇူးတင်ပါတယ်ကွာ အခုက မင်းပဲငါ့ကိုကူညီလို့ရမှာမလို့ပါ.."

"ဆောရီး ငါကူညီချင်စိတ် ပိစိလေးတောင်မရှိဘူး"

"မင်းရဲ့အခင်ဆုံးငယ်သူငယ်ချင်းလေးကို ဒီတိုင်းပဲပစ်ထားတော့မှာလားကွာ ကူညီပေးပါကွာ"

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now