လုံးညီနောင်တို့ချစ်ပုံပြင် (BL) (OC)
အပိုင်း (၆)
"ဘာလို့ဆို ကျွန်တော်ကလည်း ယောက်ျားတစ်ယောက်ကိုသဘောကျနေမိလို့လေ"
ထိုစကားကို ပိုင်သက်တစ်ယောက် မကြာမကြာပြန်ကြားယောင်နေမိသည်။ ဝလုံးကို LGBTတစ်ယောက်ဖြစ်လိမ့်မယ်လို့သူလုံးဝမထင်ခဲ့ပါ။ သို့ပေမဲ့ ဝလုံးနဲ့ နေသူရိန်စိုးတို့ဆက်ဆံရေးကတစ်ခုခုထူးခြားမယ်ဆိုတာတော့ သူရိပ်မိနေခဲ့သည်။
ယနေ့ရိုက်ကူးရေးက နောက်ဆုံးအပိုင်းဖြစ်ပြီး မန္တလေးရဲ့နာမည်ကျော်အထင်ကရ ကျုံးမြို့ရိုးရှေ့တွင်ဖြစ်သည်။ အစက ခရီးသွားကားမတော်တဆမှုကြောင့် ရိုက်ကူးမှုနှောင့်နှေးမယ်လို့ပိုင်သက်ထင်ခဲ့ပေမဲ့ ဝလုံးက သေချာစွာပြန်လည်စီစဉ်တာမို့ ပုံမှန်လည်ပတ်ခဲ့သည်။
" စိုင်းသူ"
ပိုင်သက် သူ့ဘေးလာရပ်တဲ့စိုင်းသူကိုခေါ်လိုက်သည်။
"ဟုတ် ပြောပါခင်ဗျ"
"ရိုက်ကူးရေးကဒီနေ့အတွင်းပြီးလောက်မယ်ထင်တယ် အဲ့တာကိုယ်တို့ဒီညနေပြန်ဖို့စီစဉ်ထားလား"
"ဟုတ် Sun Shineဘက်ကတော့စီစဉ်ထားတယ်လို့ပြောပါတယ်"
"အင်း ဒါဆိုအဆင်ပြေတာပေါ့"
"ဟုတ်ကဲ့"
စိုင်းသူကပြောပြီးပြီးချင်း ပိုင်သက်အနားကထွက်သွားပြန်သည်။ ဒီနှစ်ရက်အတွင်း စိုင်းသူ သူ့ကိုတမင်ရှောင်နေသလားလို့တောင်ပိုင်သက်ထင်နေမိလေသည်။
နေ့လည်ပိုင်းရိုက်ကူးရေးခနနားတော့ ဝလုံးနဲ့ပိုင်သက် ကျုံးရေပြင်ကိုကြည့်ရင်း အလာဘသလာဘပြောမိကြသည်။
"ဝလုံး ကြည့်ရတာ မင်းရဲ့CEOကအရမ်းအလုပ်များတယ်ထင်တယ်နော်"
"ဘာလို့လဲအကို"
"အကိုတို့နှစ်ယောက်ကိုအနောက်ကနေထီးကြီးကာပြီးချောင်းနေတယ်လေ"
"ဟင် ဟုတ်လား"
ဝလုံးလှည့်ကြည့်လိုက်တော့ အမှန်ပင် နေသူရိန်စိုးက ထီးမဲကြီးတကာကာနဲ့ သူတို့နှစ်ယောက်ကိုချောင်းနေလေသည်။

BẠN ĐANG ĐỌC
လုံးညီနောင်တို့ချစ်ပုံပြင် (Completed)
Lãng mạnပိုင်သက်ရှိုင်းမာန်လို့ခေါ်တဲ့ အသက်သုံးဆယ်ကျော်လူပျိုကြီးတစ်ယောက်က တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်ကိုကူညီဖို့ "ဝလုံး စလုံး မုန့်လုံး"ခေါ်တဲ့ညီအကိုသုံးယောက်ရှိတဲ့အဆောင်ကိုပြောင်းနေခဲ့ပါတယ်။ စရိုက်မတူတဲ့ညီအကိုသုံးယောက်နဲ့ ကပ်စေးနှဲလူပျိုကြီးတို့ဘာဆက်ဖြစ်...