အပိုင်း (၁၀) Unicode

594 41 0
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL) (OC)

အပိုင်း (၁၀)

အမှောင်ဖုံးလွှမ်းနေတဲ့လေဟာပြင်တစ်ခုထဲ ပိုင်သက်မျောလွင့်နေရင်း အလင်းရောင်ကိုလိုက်ရှာနေမိသည်။ သို့ပေမဲ့ အချိန်ဘယ်လောက်ကြာသွားသလဲမသိတော့အောင် ဆက်လက်မျောလွင့်နေပြီး အလင်းရောင်အစက်လေးတစ်စက်တောင်မမြင်တွေ့ရသေးပေ။

ထို့နောက် နားထဲလေတိုးသံပိစိလေးတွေကြားလာရသည်။ အသံတွေကတဖြည်းဖြည်းကျယ်လာပြီး လူအုပ်စုတစ်ခုရဲ့စကားသံတွေဆိုတာပိုင်သက်ခွဲခြားမိလာလေသည်။

ပြီးနောက်တော့ ဘယ်သူပြောတဲ့စကားလဲဆိုတာ အသံကိုခွဲပြီးပိုင်သက်ခန့်မှန်းမိသည်။

"ဦး..... မသေနဲ့အုန်းနော် အင့်ဟင့် "

ငိုသံစွက်နေတဲ့စကားသံကမုန့်လုံးဆိုတာမလွဲပေ။ ထို့နောက် စိတ်မရှည်တဲ့ သွေးအေးအေးအသံတစ်ခု။

"မုန့်လုံး ဆေးရုံလာပြီးငိုမနေနဲ့ မသာအိမ်ကျနေတာပဲ သွား အမေ့အနားသွားနေ"

"ဘယ်မှာငိုနေလို့လဲ အီးဟီး မေကြီးရေ သားကိုစလုံးကအော်နေတယ်"

"မေကြီးရဲ့ပူတူးလေးကိုစလုံးကအော်တယ်ပေါ့လေ လာပူတူးလေး မေကြီးနားလာခဲ့"

ပိုင်သက်ထိုအပြန်အလှန်စကားပြောသံတွေကိုနားစွင့်နေရင်း မုန့်လုံးကစလုံးကိုမျက်ရည်များ၊နှပ်များကြားကလျှာထုတ်ပြလိမ့်မည်လို့ပင် မြင်ယောက်လိုက်မိသေးသည်။

စကားသံများကိုနားထောင်ရသလောက် သူ့ကိုဆော်လိုက်သူက မုန့်လုံးတို့ရဲ့ကျွေးသမိခင်ကြီးဖြစ်လိမ့်မည်လို့လဲ ပိုင်သက်တပ်အပ်သိလိုက်သည်။ သူဒီအဆောင်မှာ ဒီလိုမူးလဲတာအခုနဲ့ဆိုနှစ်ခါရှိပြီဖြစ်ကြောင်းတွေးမိတော့ ပိုင်သက်ရှက်လာတာနဲ့ မျက်လုံးဖွင့်ပြီး ထထိုင်လိုက်လေသည်။

"ဦးနိုးပြီ ယေး ဦးမသေသေးပြန်ဘူးကွ"

စစချင်းကြားလိုက်ရတဲ့မုန့်လုံးစကားကြောင့် ပိုင်သက်အတွက် တတိယအကြိမ်ထပ်မူးလဲရန်ကျန်သေးသည်လားလို့တွေးမိပြန်သည်။

"ကိုယ်မသေပါဘူးမုန့်လုံးရာ"

"သိတာပေါ့ဗျ ကျွန်တော့်ဦးကဘယ်လိုသတ်သတ်မသေမှာကိုသိပြီးသား ဟဲဟဲ"

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now