ဇာတ်သိမ်းပိုင်း (Unicode)

2.1K 61 9
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL)(OC)

အပိုင်း (၂၂) ဇာတ်သိမ်းပိုင်း

နောက်ကျိကျိဖြစ်နေတဲ့ခေါင်းကိုဖိရင်း ကုတင်ဟိုဘက်ကနေ ဒီဘက်လှိမ့်လိုက်နဲ့ဝလုံးတစ်ယောက် သူရှိနေတဲ့ကုတင်အနေအထားပြောင်းသွားတာကိုခံစားမိလိုက်တာမို့ ခေါင်းကိုဖိရင်း ငုတ်တုပ်ထထိုင်လိုက်သည် ။

သူ့မျက်နှာကိုတိုက်ရိုက်ထိ‌တွေ့နေတဲ့နေရောင်ခြည်ကြောင့် အချိန်ယူပြီး မျက်လုံးကိုအတင်းဖွင့်ကြည့်လိုက်တော့ ဟိုတယ်ခန်းလိုပုံစံ ဇိမ်ခံအခန်းကြီးကိုတွေ့လိုက်ရတော့သည် ။

သူဘေးပတ်ဝန်းကျင်ကိုလိုက်ကြည့်စရာမလိုပဲ ညကအကြောင်းတွေကိုပြန်မှတ်မိလာတာမို့ သူနေသူရိန်စိုးရဲ့အခန်းထဲရောက်နေခဲ့တယ်ဆိုတာ မှတ်မိသွားသည် ။

" ကျစ် ငါညကအတော်ဆိုးသွားတာပဲ "

ပြန်ညီးတွားမိသည် ။ ညကသူဘားမှာ အတော်လေးရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့တာပင် ။ အစအဆုံးတစ်ခုချင်းစီမှတ်မိလာတော့ ဝလုံးအားနာတာရော၊ရှက်တာရော ပေါင်းစုံလာတော့သည် ။

ဝလုံးခေါင်းခါလိုက်ပြီး သက်ပျင်းချလိုက်သည် ။ သူနောက်ဘယ်တော့မှ ဒီအရက်ဆိုးတွေကို သောက်တော့မည်မဟုတ်ပေ ။

ဝလုံးဘေးကစားပွဲပေါ်မှာ သူ့အတွက်ထားပေးထားတဲ့ သွားပွတ်တံ၊အဝတ်အစားတွေတွေ့တာမို့ ရေမိုးချိုးပြီးကာမှ ‌အောက်ထပ်ကိုဆင်းသွားလိုက်သည် ။

သူအောက်ထပ်ရောက်တာနဲ့ အနံ့တစ်မျိုးကနှာခေါင်းထဲတိုးဝင်လာလေသည် ။ တူးနံ့ ။ ဟုတ်သည် တူးတာမှလုံးဝအဖတ်ဆယ်မရလောက်အောင်တူးတဲ့အနံ့ပင် ။

ဝလုံးမီးဖိုချောင်ကိုပြေးသွားကြည့်မိတော့ အေပရွန်ဝတ်ထားတဲ့ နေသူရိန်စိုးတစ်ယောက် ကုန်းကုန်းကွကွနဲ့ ဒယ်အိုးတစ်လုံးနဲ့အလုပ်ရှုပ်နေလေသည် ။

" အဲ့တာဘာတွေလဲ "

" ဟာ! နိုးလာပြီလား ကိုယ်ကမင်းနိုးရင်စားဖို့ ကြက်ဥကြော်နေတာ "

" ကြက်ဥကြော်က ကြက်မဲဥကြော်ဖြစ်နေပြီ "

ဝလုံးပြောလိုက်တော့ ဒယ်အိုးကြီးကိုင်ထားလျက်နဲ့ပဲ နေသူရိန်စိုးကရယ်ပြလာလေသည် ။ ဝလုံးလဲ ကြည့်မနေနိုင်တော့တာကြောင့် နေသူရိန်စိုးဆီကဒယ်အိုးကိုယူလိုက်တော့သည် ။

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now