အပိုင်း(၈) Unicode

691 43 0
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL)(OC)

အပိုင်း (၈)

ပိုင်သက်ဘဝတွင်အလွဲများစွာကြုံဖူးသည်။ သို့ပေမဲ့ ဒီတစ်ခါအလွဲကတော့ အတော်ဆိုးဆိုးအခြေအနေကိုရောက်သွားစေသည်။

မုန့်လုံးကိုကာကွယ်ပေးဖို့ပိုင်သက်ပြောလိုက်တဲ့စကားနဲ့ နမ်းလိုက်တာကိုမြင်သွားတဲ့စလုံးက အကြီးအကျယ်ဒေါသထွက်ပြီး မုန့်လုံးကိုလက်ကဆောင့်ဆွဲကာအဆောင်ကိုပြန်ခေါ်သွားလေသည်။

ပိုင်သက်လဲ သူတို့နောက်ကထပ်ကြပ်မကွာလိုက်သွားလိုက်သည်။

ခွပ်

မျက်နှာပေါ်ကျလာတဲ့လက်သီးအရှိန်ကခပ်ပြင်းပြင်းမို့ ပိုင်သက်မျက်နှာတစ်ခြမ်းထူပူသွားပြီး ခြေလှမ်းနှစ်လှမ်းလောက်အနောက်ရောက်သွားလေသည်။

"ဦး!"

"ကိုယ်အဆင်ပြေတယ်မုန့်လုံး ရတယ်"

နှုတ်ခမ်းထောင့်ကသွေးကိုသုတ်လိုက်ချိန် စလုံးရဲ့ဒုတိယလက်သီးကမျက်စိရှေ့တည့်တည့်ရောက်လာပြန်သည်။ ဒီတစ်ခါတော့ပိုင်သက် လက်မတင်လေးငုံ့ရှောင်လိုက်သည်။

သူ့လက်သီးကိုရှောင်လိုက်တာမို့ စလုံးကပိုဒေါသထွက်သွားကာ ပိုင်သက်ဆီကို လက်သီးတစ်ချက်ပြီးတစ်ချက်ပစ်ထိုးလေသည်။

ပိုင်သက်မှာလဲခေသူမဟုတ် ။ အတိုက်အခိုက်ကိုလေ့လာဖူးတာမို့ စလုံးရဲ့ဂမူးရူးထိုးလက်သီးများကို ဝှေ့ကာ၊ဝိုက်ကာ၊ ငုံ့ကာဖြင့်ရှောင်ရှားနေသည်။

ပိုင်သက် စလုံးကိုပြန်လည်ရန်မပြုသည်က ကိုယ့်ထက်ငယ်နေတာမို့ရယ်၊ လမ်းလယ်ခေါင်မှာဖြစ်နေတာမို့ရယ်ကြောင့်ပင်။

ဒါကိုအဝေးကကြည့်နေတဲ့မုန့်လုံးအမြင်မှာတော့ စလုံးကပိုင်သက်ကိုအဆက်မပြတ်ထိုးနေတာသာမြင်တာမို့ စိုးရိမ်တကြီးပြေးလာပြီး စလုံးရဲ့လက်ကိုဆွဲကာအော်လေတော့သည်။

"စလုံး ငါမင်းကိုရှင်းပြမယ် ဦးကိုဆက်မထိုးပါနဲ့တော့"

"မင်းသောက်ပါးစပ်ကိုပိတ်ထား! "

"စလုံး ဒါလမ်းလယ်ခေါင်မှာနော် အခြားသူတွေကြည့်နေကြတယ်!"

"အဲ့တော့လဲ မင်းအကောင်ရဲ့အရေခွံကိုမခွာခင်ဝိုင်းဆွဲလို့ရတာပေါ့"

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now