အပိုင်း (၅) Unicode

775 54 1
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL) (OC)

အပိုင်း (၅)

အချိန်သည်ကား မနက်လေးနာရီ ။ Royal Tigerနဲ့ Sun shine ကုမ္ပဏီနှစ်ခုရဲ့ခရီးသွားကားများက အဝေးပြေးလမ်းမတစ်နေရာတွင်အစီအရီရပ်နေကြသည်။ အကြောင်းမှာတော့ ကားလေးစီးအနက်မှတစ်စီးကဘရိတ်ပေါက်ကာ လမ်းဘေးရှိစပါးခင်းထဲခေါင်းတိုးဝင်ခဲ့လို့ပင်။

Sun Shineကုမ္ပဏီဘက်မှစီစဉ်မှုအမှားမို့ ဝလုံးကပဲစတင်တောင်းပန်လေသည်။

"အားနာလိုက်တာဗျာ ကျွန်တော်နောက်ကားတစ်စီးချက်ချင်းစီစဉ်ပါ့မယ်"

ရိုကျိုးစွာတောင်းပန်နေတဲ့ဝလုံးကို သာမန်ဝန်ထမ်းလို့ထင်သွားတဲ့ ဌာနမှူးတစ်ယောက်ကအပြစ်တင်လေသည်။

"အလုပ်ကိုဘယ်လိုလုပ်နေတာလဲ အခုတော့ အချိန်တွေကကျန့်ကြာတော့မှာပဲ"

"ကျွန်တော်အနူးညွတ်တောင်းပန်ပါတယ် နောက်နာရီဝက်လောက်ဆိုရင်ပဲကားတစ်စီးထပ်လာပါလိမ့်မယ်"

"ဒီမှာ မင်းလိုအလုပ်သမားအတွက်အချိန်ပိုနေရင်တောင် ငါတို့လိုသူတွေအတွက်ကအချိန်မရှိဘူးကွ"

"ကျွန်တော်နောက်ထပ်တောင်းပန်ပါတယ်"

ထိုအဖြစ်အပျက်ကိုပိုင်သက်အဝေးကကြည့်နေရင်း မိမိတို့ကုမ္ပဏီဘက်ကဌာနမှူးမှာ မကြာခင်စကားပြောလွန်တော့မယ်ဆိုတာခန့်မှန်းမိလိုက်သည်။ ထို့ကြောင့်ပဲ သွားရောက်ဖြန်ဖြေဖို့သွားလိုက်တုန်းမှာပဲ ကိုယ်ပိုင်ကားတစ်စီးပေါ်ကလှမ်းကြည့်နေတဲ့ Sun Shineရဲ့CEOကထိုနေရာသို့ရောက်ချလာလေသည်။

ခေါင်းလေးငုံ့ကာငုံ့ကာတောင်းပန်နေတဲ့ဝလုံးရဲ့ခါးကိုလှမ်းဖက်လိုက်ပြီးထိုCEOကပြောလေသည်။

"သူ့ဘက်ကအနူးညွတ်တောင်းပန်ပြီးပြီလေ ကျွန်တော့်အတွင်းရေးမှူးကိုကျွန်တော်ပဲဆက်ဆုံးမလိုက်မှာမို့ ခင်ဗျားဘက်ကလဲကိုယ့်နေရာကိုယ်ပြန်သင့်ပြီ"

ထိုစကားကချိန်းခြောက်ခြင်းလဲမဟုတ် အမိန့်ပေးခြင်းလဲမဟုတ် သို့သော် ပြောလိုက်သူရဲ့အရှိန်အဝါကြောင့် ဌာနမှူးကအသံတိတ်ပြီး အခြားဘက်ထွက်သွားလေသည်။

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now