အပိုင်း (၁၄) Unicode

538 40 2
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL)(OC)

အပိုင်း (၁၄)

🎶 စိတ်မဆိုးနဲ့နော် ခွင့်လွှတ်ပါကွယ်...ကိုယ်ရိုင်းနေရင်...🎶

🎶 ကိုယ့်စိတ်ကအရင်ဒီလို မဟုတ်ဘူးကွယ်....
မင်းနဲ့မှပြောင်းလဲကုန်ပြီ...🎶

🎶 အားလုံးလဲငါမယုံနိုင် မင်းလေးကိုဘယ်သူ့မှမပေး မပေးမပေးနိုင်ဘူး..🎶

🎶 မင်းလေးဟာငါ့အသက်ပဲ မင်းလေးဟာငါ့ဘဝပဲ လွန်တယ်လို့မင်းမထင်နဲ့...🎶

ဂျယ်လူးထားတဲ့ဆံပင်ကိုသေသေချာချာပြင်ဆင်နေတဲ့ပိုင်သက်‌တစ်ယောက် အတော်အူမြူးနေသည်ဆိုရမည်။

မနက်အိပ်ယာနိုးသည်မှစလို့ သီချင်းလေးတညည်းညည်းနဲ့စိတ်လက်ပေါ့ပါးနေသည်မှာအမှန်။

အိပ်ယာနိုးနိုးချင်းတွေးမိသည့်အတွေးက မိမိမှာချစ်သူရှိနေပြီ ဆိုတဲ့အတွေး ။ စားလည်းဒီအတွေးသွားလည်းဒီအတွေးနဲ့မို့ လူပျိုကြီး တစ်ခါမှရည်းစားမထားဖူးသည်မှာ သေချာနေလေပြီ။

ယခုလဲ မှန်ထဲမှာမြင်နေရတဲ့ကိုယ့်ပုံကိုကြည့်ပြီး ပိုင်သက်မှာ ပါးစပ်နားရွက်တက်ချိတ်တော့မတက်ပြုံးပြုံးကြီးဖြစ်လို့နေသည်။ နားမှာတပ်ထားတဲ့နားကပ်ကိုရှေ့ကကြည့်လိုက် ဘေးတိုက်ကြည့်လိုက် လုပ်ရင်း ရုတ်တရပ်ကြီးထရယ်တဲ့သူ့ကိုအခြားသူတွေမြင်သွားရင် ဝက်ရူးပြန်တယ်လို့များတွေးကြမလားမသိ။

ဒီနေ့ပိုင်သက်အတွက်အရေးကြီးနေ့တစ်နေ့ဖြစ်သည်။ သူ့ကို‌ချောက်ချထားတဲ့ကိစ္စကို သက်သေပြပေးမယ့်သူနဲ့သွားတွေ့ဖို့နဲ့ ထိုကအပြန် ပူပူနွေးနွေးချစ်သူလေးကိုကျောင်းသွားကြိုရန်ပင်။

တစ်ကိုယ်လုံးမွှန်ထူနေအောင် ရေမွှေးပုလင်းကိုမှောက်ချနေတုန်း ကြားလိုက်ရသည်ကဖုန်းအသံ။ ဒါကြောင့် ပိုင်သက်ကြည့်မိတော့ သူ့ရဲ့ယောက်ဖလောင်း ဝလုံးဆီမှဖြစ်နေသည်။

"Hello အကိုအိပ်ယာနိုးပြီလား"

"နိုးတာကြာပြီဝလုံးရဲ့ ကိုယ်ကအခုဝလုံးပေးထားတဲ့အဆက်အသွယ်ကို သွားတွေ့ဖို့တောင်ပြင်ပြီးပြီ"

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now