အပိုင်း (၁၁) Unicode

519 39 0
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL)(OC)

အပိုင်း (၁၁)

Royal Tiger ကုမ္ပဏီအတွင်းမှာရှိသမျှ ဝန်ထမ်းများအားလုံး အချက်အလက်ကြော်ငြာတီဗီများရှေ့မှာ ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။

ထို့အတူ ထုတ်လုပ်ရေးဌာနမှာလဲ ဝန်ထမ်းများတီးတိုးစကားများပြောရင်း တစ်စုံတစ်ရာကိုစောင့်မျှော်နေကြလေသည်။

သိပ်မကြာခင်မှာပဲ သူတို့စောင့်မျှော်နေကြတဲ့သူက အစည်းဝေးခန်းမထဲကနေထွက်လာလေသည်။ ထိုသူကအခြားမဟုတ် ပိုင်သက်ပင်။

ပိုင်သက်မှာ အချက်အလက်ခိုးယူရောင်းချမှုအတွင်း ပါဝင်နေကြောင်း အထက်လူကြီးများကသက်သေများရှာတွေ့ခဲ့ကြသည်။

ဒါကြောင့်ပဲ သူ့ကိုပုံမှန်ရုံးအချိန်ထက်စောကာခေါ်ယူစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

ပိုင်သက်အခန်းထဲကထွက်လာတာနဲ့ ကျော်စိုးကစိတ်ပူစွာပဲအနားရောက်လာကာ မေးလေသည်။

"ပိုင်သက် သူငယ်ချင်း အခြေအနေကောင်းရဲ့လား"

"အကုန်လုံးကငါလုပ်တာဆိုပြီးသက်သေတွေရှာတွေ့ခဲ့ကြတယ် ငါဘယ်လိုမှငြင်းမရဘူး"

"ဘာ! မင်းကဒီကုမ္ပဏီမှာလုပ်သက်လဲကြာပြီ တစ်ခါမှလဲအမှားမလုပ်ခဲ့တာကို ငါရော ဒီကဝန်ထမ်းတွေရောအားလုံးသိတယ် ငါတို့မင်းဘက်ကနေရှိနေမှာ"

ကျော်စိုးကပြောလဲပြော နားထောင်နေကြတဲ့ဝန်ထမ်းတွေဘက်ကိုလဲလက်ညိုးထိုးပြလေသည်။ ဝန်းထမ်းများကလဲ ပိုင်သက်ကို အားတင်းထားဖို့နဲ့အကူအညီပေးမယ်ဆိုပြီး ပြောလာကြသည်။

ပိုင်သက်လဲသိပါသည် တကယ်လုပ်ခဲ့တာကသူမှမဟုတ်တာ။ ဒါပေမဲ့ အရာအားလုံးကကုမ္ပဏီရဲ့ဒါရိုက်တာတွေဆုံးဖြတ်ချက်အပေါ်မူတည်နေသည်မဟုတ်ပါလား။

"ပိုင်သက် မင်းကိုဥက္ကဌတို့ကဘယ်လိုပြောလိုက်ကြလဲ"

"ဒီလိုကွာ..."

လွန်ခဲ့တဲ့တစ်နာလောက်ကဖြစ်သည်။

ပိုင်သက်မှာ ကုမ္ပဏီရဲ့ခေါ်ယူမှုကြောင့် မနက်စောစောစီးစီး အစည်းဝေးခန်းထဲရောက်လို့နေသည်။

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now