အပိုင်း (၃) Unicode

1.1K 69 3
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL)(OC)
အပိုင်း (၃)

တစ်ဆစ်ဆစ်ကိုက်ခဲနေတဲ့ခါးကိုဖိရင်း ကုန်းကွကုန်းကွနဲ့ ရုံးခန်းထဲဝင်လာတဲ့ ပိုင်သက်။ မျက်နှာကလဲနာကျင်မှုကြောင့်ရှုံ့မဲ့နေပြီး မနက်ခင်းနှုတ်ဆက်လာတဲ့ဝန်ထမ်းများကိုတောင် ပြန်မနှုတ်ဆက်နိုင်ပေ။

"အား..ကျွတ် ကျွတ် ငါတော့ဆေးခန်းသွားရတော့မယ်ထင်တယ်ကွာ..."

"ငါ့ကောင်ကြီး ကုန်းကုန်းကွကွနဲ့ဘယ်လိုဖြစ်နေတာတုန်းဟ"

အနောက်ကနေ အလိုက်ကန်းဆိုးမသိပဲ ခါးကိုလာရိုက်တဲ့ကျော်စိုးကြောင့်ဒေါသထွက်ရပြန်သည်။

တစ်ချက်လောက် ဘုကြည့်ကြည့်ပေးလိုက်ပြီး ကိုယ့်ခုံကိုယ်ဝင်ထိုင်လိုက်တော့ ကျော်စိုးကအနောက်ကကပ်လိုက်လာပြီးမေးလေသည်။

"ဟေ့ကောင် မင်းကလဲအဆောင်မှာတစ်ရက်လောက်သွားနေတာနဲ့ ဘယ်လိုဖြစ်လာတာလဲကွ"

"ခါးနာနေတာဟေ့ ခါးနာနေတာ"

"ဘယ်လို!! မင်းနေတာယောက်ျားလေးအဆောင်နော် ဒါကိုခါးနာတယ်ဆိုတော့ ဟဲဟဲ.."

"မင်းမေကြီးတော်ဟဲဟဲလား!!"

"ဟ! မင်းဒေါသကြီးပဲလှိမ့်ထွက်နေပါလား ငါကစတာပါကွ ခါးနာတာဆိုတော့ဆေးခန်းသွားပြီးပြီလား?"

"မသွား..."

"မသွားဘူးမလားငါသိတယ် မင်းလိုကပ်စေးနှဲအကြောင်းကို"

"သိရင်မမေးနဲ့ကွာ ကျစ်..အားရိုးရိုး..ငါ့ခါး..."

"ရုံးတက်ဖို့လိုသေးတယ်ဆိုတော့ ပြောပါအုန်း ဘယ်လိုဖြစ်တာလဲ"

ဤတွင် ပိုင်သက်မှာ ခံစားရသမျှနဲ့အဖြစ်အပျက်တို့ကို အားရပါးရ ရင်ဖွင့်ချလိုက်လေသည်။

"ဒီလိုပေါ့ကွာ.....

မနေ့ကညနေက မုန့်လုံးရဲ့ကောင်းမှုကြောင့် ခြံတံခါးထိပ်ကနေပဲလှမ်းရန်ဖြစ်နေကြတဲ့လူမိုက်တွေက ခြံတံခါးကိုပါဖျက်ပြီး ဝင်လာမယ့်အခြေအနေထိဖြစ်သွားသည်။

စလုံးကလဲ ဘယ်လောက်တားတား အလျော့မပေးပဲ တိုက်ခိုက်ရန်သာတာဆူနေလေသည်။

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now