အပိုင်း (၁၇) Unicode

527 41 0
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL) (OC)

အပိုင်း (၁၇)

🎶 ပွင့်သောပန်းတိုင်းလည်း မမွေးတတ်လေပြီ
လှသောပန်းတိုင်းလည်း မမွှေးတတ်လေပြီ 🎶

🎶 အများကစွန့်ပယ်ခြင်းကိုခံထားရတဲ့ပန်း
လမ်းဘေးတလျှောက်မှာပေါက်နေမှာနွမ်းပြီ 🎶

🎶 တန်ဖိုးထားသူနဲ့လူတွေရဲ့အသည်းမှာလဲ  လမ်းဘေးနားကပန်းမို့မပန်ကြပြီ 🎶

ကော်ဖီဆိုင်မှာဖွင့်ထားတဲ့သီချင်းကို ပိုင်သက်နားထောင်နေရင်း အိပ်ငိုက်လာပြီ‌ဖြစ်‌ပေမဲ့ တွေ့ဖို့ချိန်းထားတဲ့သူက အခုထိ အရိပ်အယောင်တောင်မမြင်ရသေးပေ ။ ထိုသူကအခြားမဟုတ် မာန်ထည်ဝါဖြစ်သည် ။

ပိုင်သက် တွေ့လိုသည်က မာန်ကို သူ့အကိုအကြောင်းပြောပြပြီး နားချခိုင်းရန်ပင် ။ မဟုတ်ရင် ပိုင်သက်ဆီမှာရှိတဲ့သက်သေတွေက မန်နေဂျာချုပ်ဉာဏ်ထည်ဝါကို အနည်းဆုံးထောင်ငါးနှစ်လောက်ကျအောင် လုပ်နိုင်နေသည်မို့ပေ ။

သီချင်းသုံးပုဒ်လောက်ပြီးသွားချိန်မှာတော့ မာန်က ပိုင်သက်မြင်ကွင်းထဲပေါ်လာသည် ။ သူက ပိုင်သက်ရှိရာကိုလှမ်းကြည့်လိုက်ရင်း ဆိုင်ကယ်ဦးထုပ်ကိုကိုင်ကာ စိတ်ပျက်နေတဲ့အမူအယာနဲ့ ပိုင်သက်ဆီလျှောက်လာလေသည် ။

"‌ ဟေ့ ခင်ဗျားကတကယ် ‌ရှာရခက်တဲ့ဆိုင်ကိုမှရွေးချိန်းတယ်နော် "

" မင်းပဲမျက်စိလည်နေတာဖြစ်မှာပေါ့ကွာ "

" ကျစ် နေပူကြီးထဲသွားရလာရတာလွယ်တယ်များထင်နေလား "

" မထင်ပါဘူးကွာ ကဲပါ ထိုင်အုန်း "

" ဘာကိစ်စလဲ "

မာန်က ပိုင်သက်ကို မေးငေါ့ပြီးမေးလာသည် ။

" ကိစ္စကမင်းအကိုနဲ့ပတ်သက်တယ် "

" အဲ့တာဆိုလဲ သူ့ကိုပဲသွားပြောလေ "

" မင်းစိတ်မရှည်မှန်းသိပါတယ် ဒါပေမဲ့ ပြောပြတာကို နားထောင်ပါအုန်း "

" ဘာလဲဗျာ မြန်မြန်ပြော "

စိတ်မရှည်ပဲမျက်မှောင်ကြီးကျုံ့ထားတဲ့ မာန်ရှေ့က စားပွဲပေါ်ကို ပိုင်သက် ဖိုင်တစ်ခုတိုးပေးလိုက်သည် ။

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now