အပိုင်း (၂၀) Unicode

580 37 1
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL)(OC)

အပိုင်း (၂၀)

အချိန်သည်ကားမနက်တစ်နာရီ ပတ်ဝန်းကျင်အရာအားလုံးတိတ်တဆိတ်ရှိနေပေမဲ့ ဟိုတယ် ဘန်ဂလိုလေးတစ်လုံးထဲမှာတော့ ဝလုံးတစ်ယောက် ချိုးချိုးချွတ်ချွတ်နဲ့အလုပ်များနေလေသည် ။

တရားခံကတော့ ညသန်းခေါင်ရောက်ကာမှ ထပြီးဆာလာတဲ့ ဗိုက်!

ညစာစားတုန်းက အကိုပိုင်သက်ကို အရိပ်တကြည့်ကြည့်လုပ်နေရတော့ ဝလုံးမှာ လက်သီးဆုပ်လောက်တောင် မစားဖြစ်ခဲ့ပေ ။ ဒီတော့ ညသန်းခေါင်ကျော်မှဆန္ဒထပြတဲ့ဗိုက်ကြောင့် သရေစာမုန့်ထုပ်တွေဖောက်ပြီး နှစ်ပါးသွားရတော့သည် ။

ဝလုံးစားနေရင်းပြန်တွေးမိသည် ။

အကိုပိုင်သက်ကို သူတိတ်တခိုးသဘောကျလာခဲ့တာ အချိန်အတော်ကြာပြီ ။ ဝလုံးက မိန်းကလေးတွေလို ရေလာမြောင်းပေးမလုပ်လို့လားမသိ အကို့ဘက်ကဘာမှမထူးခြားပဲ ကျောက်တုံးကြီးရေနစ်နေသလိုပဲ ။

ရေလာမြောင်းပေးလုပ်ပြီး အရင်စဖွင့်ပြောရမလားလို့တွေးမိပြန်တော့လည်း အကိုကငြင်းလိုက်ရင် ကိုယ်ကျိုးကနည်းအုန်းမယ် ။ ထိုင်နေတော့အကောင်း ထသွားမှကျိုးမှန်းသိတဲ့အဖြစ်မျိုးတော့ ဝလုံးမရောက်ချင်တာအမှန် ။

ဖွင့်ပြောရမလား မပြောပဲနေရမလား ဝလုံးစဉ်းစားမရဖြစ်လာသည် ။

စိတ်ရှုတ်လာတဲ့ခံစားချက်ကြောင့် ဝလုံးသက်ပြင်းအကျယ်ကြီးချလိုက်မိသည်။ တဖတ်သက်အချစ်ကဒုက္ခများလိုက်တာပါလားနော် ။

ဝလုံးတွေးလဲတွေးစားလဲစားလာလိုက်တာ လက်ထဲကမုန့်ထုပ်ကုန်သွားကာမှ အတွေးတွေခနရပ်လိုက်ရတော့သည် ။

စားသာစားနေရတာ သရေစာမုန့်ထုပ်တွေဆိုတော့ တစ်ထုပ်မှာ အများဆုံးပါတာမှ လေးငါးလုပ်စာတည်းမို့လေ ။ ဝလုံးအစားကြီးတာ လုံးဝ လုံးဝမဟုတ်ရပါဘူး ။

ဝလုံးတစ်ယောက် ကိုယ့်ဘာသာကိုယ် ဖြေတွေးတွေးရင်း နောက်မုန့်တစ်ထုပ်ထပ်ယူစားဖို့ ပြတင်းပေါက်ဘေးကစားပွဲပေါ်လှမ်းကူးလိုက်တယ် ။

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now