အပိုင်း (၁၈) Unicode

548 38 0
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL)(OC)

အပိုင်း - (၁၈)

မာန်ထည်ဝါရဲ့စကားတွေကိုကြားတော့ ပိုင်သက်တစ်ယောက် ဆွံ့အနေမိသလို ထိတ်လန့်မှုကလဲ တစ်ချိန်ထဲ‌ဖြစ်ပေါ်လာသည် ။

စိုင်းသူကလမ်းမလျှောက်နိုင်တော့သလို နားလည်းမကြားနိုင်တော့ဘူးတဲ့လား ။ ဘယ်လိုကိစ္စမျိုးဖြစ်ခဲ့လို့ ဉာဏ်ထည်ဝါကဒီလောက်ထိ ယုတ်မာအောက်တန်းကျနိုင်ရတာလဲ ။ လူတစ်ယောက်ရဲ့ဘဝကို သဲမှုန်တစ်မှုန်လိုသဘောထားခဲ့တာပဲ ။

" စိုင်းသူကအခုဘယ်မှာလဲ "

" ခင်ဗျားကိုဘာကိစ္စပြောရမှာလဲ ဟိုလူယုတ်မာကိုသာထောင်ချပေးစမ်းပါ ကျုပ်မှာသူလုပ်ထားသမျှကိုအသံဖမ်းထားတာရှိတယ် "

" ဒါပေမဲ့ သူက မင်းအကိုလေ "

" ဟုတ်တယ် သူကကျုပ်လေးစားရတဲ့ကျုပ်အကို ဒါပေမဲ့ အဲ့တာကမနေ့ကအထိပဲ ဒီနေ့ကစပြီး သူကကျုပ်အတွက် လူယုတ်မာကလွဲပြီးဘာမှမ‌ပိုဘူး "

" မာန်ထည်ဝါ မင်းအရင်ဆုံးစိတ်လျော့ထား မင်းအခုလိုသောင်းကျန်းနေရင် မင်းအကိုကိုဆွဲချနိုင်မှာမဟုတ်ဘူး ပြီးတော့ မင်းမှာစိုင်းသူကိုစောင့်ရှောက်ရအုန်းမယ်မလား "

စိုင်းသူဆိုတဲ့နာမည်ကြားတာနဲ့ မာန်ထည်ဝါကအော်ဟစ်သောင်းကျန်းမနေပဲ စိတ်လျော့လိုက်တဲ့အလား တစ်ခနတာငြိမ်သက်သွားပြီး ပိုင်သက်ဆက်ပြောမယ့်စကားကိုနားစွင့်နေလေသည် ။

" စိုင်းသူကိုမင်းကလွဲပြီးဘယ်သူ့ဆီမှာမှ မင်းစိတ်မချနိုင်ဘူးမလား ပြီးတော့ မင်းရင်ဆိုင်မယ့်လူကမင်းအကိုအရင်းလေ ဘယ်လိုပဲကိစ္စတွေရှိပါစေ မင်းမိဘတွေက သူ့သားနှစ်ယောက်ကိုတော့ရန်သူတွေအဖြစ်မြင်ချင်မှာမဟုတ်ဘူး "

"  …………… "

" ကိုယ်ကကြားလူဖြစ်လို့ မင်းတို့ကိစ္စထဲဝင်ဆုံးဖြတ်ခွင့်မရှိဘူး ဒါပေမဲ့မိတ်ဆွေတစ်ယောက်ဒုက္ခရောက်နေတာတော့ဒီတိုင်းမကြည့်နေနိုင်ဘူး ဒါကြောင့် ကိုယ်လုပ်သင့်လုပ်ထိုက်တာလုပ်ပေးမယ် "

" ခင်ဗျားကိုကျုပ်ယုံတယ် "

မာန်ထည်ဝါက သူ့လက်ထဲကို memory stick တစ်ခုထည့်ပေးလာသည် ။

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now