အပိုင်း (၁၆) Unicode

525 39 1
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL)(OC)

အပိုင်း (၁၆)

" ဝလုံး မင်းမျက်နှာကို ကိုယ့်ရင်ခွင်ထဲမှာဝှက်ထားမလား "

နေသူရိန်စိုးရဲ့အမေးစကားထွက်ပေါ်လာပြီးတဲ့နောက် ဝလုံးကတစ်ချက်လောက်စဉ်းစားသွားဟန်နဲ့ ငြိမ်သက်သွားပြီး ခနတောင်မဆိုင်းပဲ သူ့ကိုချီထားတဲ့ပိုင်သက်ကိုထုရိုက်လေတော့သည် ။

" ဖယ်စမ်းပါ အောက်ဆင်းတော့မယ် ချပေး "

" ချပေးရမယ်? အခုလား "

ပြန်မေးလာတဲ့နေသူရိန်စိုးမျက်နှာကပြုံးစိပြုံးစိနဲ့မို့ ဝလုံးသူ့ကို ဘာသဘောနဲ့စနောက်နေမှန်းသိတာကြောင့် စိတ်ဆိုးပြီး ဗိုက်ခေါက်လိမ်ဆွဲလေတော့သည် ။

" အား!!! လက်သံပြောင်လိုက်တာဝလုံးရာ "

" အဲ့တာကြောင့်တစ်ခါပြောရင်နားထောင်လိုက်တော့လေ ဖယ်ပေး "

ဗိုက်ခေါက်ကိုနာနာလေးလိမ်ဆွဲပေးတော့မှ လူကိုဆင်းခွင့်ပေးတဲ့လူ့ဂွစာကြီး ။ ခြေထောက်ကသိပ်ပြီးအဆိုးကြီးဖြစ်သွားတာမှ မဟုတ်ပဲ ။ လူတွေရဲ့ အကြည့်ခံပြီးအားနွဲ့ပြရအောင် ဝလုံးလေ အခြားသူမှမဟုတ်တာ ။

ဒါပေမဲ့ အစောနကတုန်းက နေသူရိန်စိုးရဲ့ရင်ခွင်ထဲခနရောက်သွားတုန်း အဲ့လူနှလုံးခုန်သံတွေမြန်နေတာတော့ ဝလုံးသတိထားမိခဲ့တယ် ။

" ဝလုံး အချီမခံချင်ဘူးဆိုရင်လဲ ဒီမှာခနစောင့် ကိုယ်ကားသွားထုတ်လာခဲ့မယ် "

" ရတယ် ကားပါကင်ထိလျှောက်နိုင်တယ် "

" ဝလုံးရာ ဘယ်တစ်ခုမှနားမထောင်ရင်တောင် ဒါတော့နားထောင်ဟုတ်ပြီလား "

ဝလုံးကပေကပ်ကပ်လုပ်နေတော့ နေသူရိန်စိုးက သူ့လက်ကိုအသာဆွဲရင်း ထိုင်စရာရှာပေးပြီးကာမှ ‌ထိုင်နေဖို့အတန်တန်မှာပြီး အပြေးအလွှားကားသွားထုတ်လေရဲ့ ။

ဘယ်သူဌေးက အတွင်းရေးမှူးအတွက် ကားသွားထုတ်ပေးလို့လဲ ။ ပြေးထွက်သွားတဲ့လူ့ဂွစာရဲ့နောက်ကျောကို ဝလုံး ကြည့်နေရင်း ကြည့်ကောင်းလာသလိုလို ။

" ဝလုံးရေ မင်းဘာတွေတွေးနေမိတာတုန်းကွာ..."

ဝလုံးတစ်ယောက် ကိုယ့်ကိုယ်ကိုပြန်စကားပြောနေတုန်း နေသူရိန်စိုးရဲ့ကားကအရှေ့ကိုထိုးစိုက်လာသည် ။ ပြီးနောက်တော့ ဝလုံးထဖို့ နေသူရိန်စိုးကပဲ အပြေးအလွှားရောက်လာပြီး တွဲထူပေးလေသည် ။

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now