အပိုင်း (၂၁) Unicode

613 36 1
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL)(OC)

အပိုင်း (၂၁)

သူ့အ‌တွေးနဲ့သူပြုံးစိစိလုပ်နေတဲ့ ဝလုံးကိုကြည့်ပြီး နေသူရိန်စိုးနားမလည်နိုင်ပေ ။

ဝလုံးကဘာလို့သူ့ကိုဒီလိုတွေမေးလာတာပါလိမ့် ။

နေသူရိန်စိုး ထိုမေးခွန်းကိုစဉ်းစားဖို့ နေ့တပိုင်းသာအချိန်ယူလိုက်ရသည် ။ နောက်ဆုံးတော့ သူပဟေဠိကိုဖြေရှင်းနိုင်သွားပြီပင်။

သူတွေးလို့ရမိသလောက်တော့ ဝလုံးပြောတဲ့ နောင်တရစရာကိစ္စဆိုတာ "မိမိအချစ်ကိုဖွင့်ပြောတာ" ကလွဲပြီးဘာရှိလိမ့်အုန်းမည်နည်း ။ ဆိုတော့ ဆက်တွေးစရာမလိုလောက်အောင်ရှင်းနေပေပြီ ။ ဝလုံးက ပိုင်သက်ကို ဖွင့်ပြောတော့မှာ အနှေးနဲ့အမြန်ပင် ။

ပိုင်သက်ဘက်ကလဲ ဝလုံးလို ကောင်လေးတစ်ယောက်ကို ငြင်းဖို့အကြောင်းရင်းမရှိသည်မှာပြောစရာမလိုပေ ။

ဒီကိစ္စကို နေသူရိန်စိုး ဘယ်လိုလုပ်ရမလဲဆက်စဉ်းစားလေသည် ။ ဝလုံးကိုဖွင့်မပြောနိုင်အောင်တားဆီးဖို့ ဗီလိန်ဆန်ဆန်စဉ်းစားမိသည် ။ နေသူရိန်စိုးမှာ ဝလုံးနဲ့ပိုင်သက်ကြား ဝင်နှောင့်ဖို့ နည်းလမ်းပေါင်း၊ အကြံပေါင်းများစွာရှိပြီး လုပ်နိုင်စွမ်းလဲရှိသည် ။

သို့ပေမဲ့ သူသာ ဝလုံးရဲ့ခံစားချက်တွေကိုဖျတ်ဆီးလိုက်ရင်...ဆိုတဲ့အတွေးက သူ့ရဲ့ဗီလိန်ဆန်ပစ်ချင်စိတ်ကို အဝေးထိအောင်လွှင့်ပစ်လိုက်လေသည် ။

ဒေါက် ဒေါက် ဒေါက်

"MDခင်ဗျ ကျွန်တော့်ကိုဝင်ခွင့်ပြုပါ "

ရုံးခန်းအပြင်ကနေ သူ့နားထဲထိတိုးဝင်လာတဲ့ ဝလုံးရဲ့အသံကြောင့် နေသူရိန်စိုး ကိုယ့်ခုံမှာကိုယ်ဝင်ထိုင်ပြီး ကွန်ပျူတာကို စူးစိုက်နေဟန်ဆောင်လိုက်သည် ။

" ဝင်ခဲ့ "

ဝလုံးမျက်နှာကိုအကဲခတ်လိုက်တော့ စိတ်လှုပ်ရှားနေဟန်နဲ့ မျက်မှန်ကိုပင့်တင်ရင်း နေသူရိန်စိုးကိုမော့ကြည့်လာသည် ။

" ဒါ ဒီလအတွက်အနှစ်ချုပ်ပါ ကျန်တဲ့ဘောင်ချာနဲ့ပစ္စည်းစာရင်းတွေကိုတော့ မနက်ဖြန်အကျဉ်းချုပ်တင်ပြပါ့မယ် "

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now