အပိုင်း (၁၉) Unicode

502 33 1
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL)(OC)

အပိုင်း (၁၉)

" ကျွန်တော်နဲ့ဦးနဲ့အိပ်လိုက်မယ်နော် "

မုန့်လုံးရဲ့စကားသံထွက်လာပြီးနောက်တော့ အားလုံးကမုန့်လုံးကိုလှည့်ကြည့်လာကြသည် ။ ဝလုံးကလဲ သူ့အထုတ်အပိုးတွေကိုသယ်နေရင်း ဝင်ပြောလေသည် ။

" မင်းကစလုံးနဲ့အိပ်လေ မဟုတ်ရင် အကိုအနေရခက်နေမှာပေါ့ "

ဒါကိုအလိုက်ကန်းဆိုးမသိဝင်ထောက်ခံသူက ရန်လင်းနိုင် ။

" ဟုတ်တယ် မုန့်လုံး မင်းကမင်းအကိုနဲ့ပဲအိပ်လေကွာ "

မုန့်လုံးမှာ ပိုင်သက်နဲ့နေချင်ပေမဲ့ အကုန်လုံးကဝိုင်းပြောနေကြတာမို့ ဆူပုတ်ပြီး ထွက်သွားလေရဲ့ ။ ကျန်ခဲ့တဲ့ပိုင်သက်မှာလဲ စိတ်ဆိုးသွားတဲ့ချစ်သူလေးကိုကြည့်ပြီး ဘယ်လိုပြန်ချော့ရပါ့မလဲလို့တွေးလျက်ပင် ။

ထိုနေ့ညကို ကျော်လွန်ပြီးနောက်နေ့မနက်မှာတော့ အားလုံးက မနက်ပိုင်းရေထဲဆင်းပြီးဆော့ဖို့ပြင်ကြလေသည် ။ ပိုင်သက်လဲ ကမ်းခြေဆီထွက်ခဲ့ပြီးတော့မှပဲ ကမ်းခြေကလူအုပ်ကိုကြည့်ပြီး စိတ်လေသွားရတော့သည် ။

များလွန်းတဲ့လူတွေဆိုတာ ကမ်းခြေတစ်လျှောက်ကသဲတွေလိုဖွေးဖွေးလှုပ်ပင် ။ သဲပြင်မှာရော ရေထဲမှာရော မနည်းမနောရှိနေကြသည် ။

ပိုင်သက်လဲ အဲ့ဒီလူအုပ်တွေကိုဆက်မကြည့်တော့ပဲ မုန့်လုံးတို့ဘန်ဂလိုရှေ့ကိုလျှောက်လာလိုက်တော့သည် ။

မုန့်လုံးတို့အခန်းရှေ့ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မုန့်လုံးက ရေဆော့ဖို့ အင်္ကျီလက်ပြတ် နဲ့  ဘောင်းဘီအတိုလေးပဲဝတ်ပြီးထွက်လာလေသည် ။

" ဟွန့် "

နှုတ်ခမ်းလေးဆူရင်း ဘေးကနေရှောင်သွားဖို့ပြင်နေသူလေးကို ပိုင်သက်လက်လှမ်းဆွဲပြီး အုန်းပင်ပုပုလေးတွေအနောက်ဘက်ကိုခေါ်သွားလိုက်သည် ။

ဒီကောက်စိန်လေးကို လူလစ်တုန်းချော့ထားမှပင် ။ မဟုတ်ရင် တစ်နေကုန်လူလစ်တဲ့အချိန်ကရှိချင်မှရှိလိမ့်မည်လေ ။

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now