အပိုင်း (၉) Unicode

579 39 0
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL)(OC)

အပိုင်း (9)

ဒုန်း ဒုန်း ဒုန်း

"ဦးရေ ဦး"

ဒုန်း ဒုန်း ဒုန်း

"ဦးရေ ဦးထတော့လေ တံခါးဖွင့်အုန်း"

မနက်စောစောစီးစီး တဝုန်းဝုန်း တဒိုင်းဒိုင်းထုရိုက်သံတွေကြောင့် ပိုင်သက်အလန့်တကြားနဲ့ထထိုင်မိသည်။

ဒုန်း ဒုန်း ဒုန်း

ကျယ်လောင်စွာအထုခံနေရတဲ့တံခါးကိုပိုင်သက်တစ်ချက်လှမ်းကြည့်လိုက်ပြီး တရားခံက မုန့်လုံးဆိုတာသူခန့်မှန်းမိလိုက်သည်။ သူမထမချင်းအော်နေမှာဖြစ်တာမို့ ပိုင်သက်လဲ ကိုယ်ပေါ်ကစောင်ကိုဖယ်ချကာ အထုရိုက်ခံတံခါးကိုသွားဖွင့်ပေးလိုက်သည်။

"ဦး!! ဦးကအိပ်ပုတ်ကြီးလိုက်တာဗျာ"

"အခုမှ ခုနှစ်နာရီတောင်မထိုးသေးဘူးလေငတိရဲ့"

"ဟွန့် ဦးကဝီရိယမရှိတာပါ"

"ထားပါလေ ဘာလို့ကိုယ့်အခန်းကိုလာတာလဲ ပြောစရာရှိလို့လား"

"ဟုတ် ခုနကတုန်းကပဲမေကြီးဆီကဖုန်းဝင်လာတယ်ဦးရဲ့ မေကြီးကဒီလကျွန်တော့်မွေးနေ့အမှီပြန်လာမယ်တဲ့"

"အွန်း အဲ့ဒီတော့?"

ပိုင်သက်ရဲ့အမေးကြောင့် မုန့်လုံးနှုတ်ခမ်းဆူပုတ်လာသည်။

"ပြောပြတာလေ မေကြီးပြန်လာတော့မယ် ပြီးတော့ ကျွန်တော့်မွေးနေ့ရောက်တော့မယ်ဆိုတာသိချင်လို့လာပြောပြတာ"

"အော် ... "

ပိုင်သက် "အော်" ဆိုတဲ့စကားကလွဲပြီးဘာမှမပြောတတ်တော့ပေ။

မုန့်လုံးက ပိုင်သက်ရဲ့စိတ်မဝင်စားတဲ့ပုံစံကိုမြင်တော့ ဒေါသထွက်လာသည့်နှယ် မျက်နှာလေးကနီလာပြီး နှာခေါင်းထိပ်ကို ယုန်ကလေးများလိုပွတ်သပ်လိုက်ပြီး ဘာမှမပြောဘဲထွက်သွားလေသည်။

အခန်းဝမှာတော့ ပိုင်သက်က အိပ်တစ်ဝက်နိုးတစ်ဝက်နဲ့ မတ်တပ်ကြီးကျန်ခဲ့တော့သည်။

အရှုပ်ထုတ်လေးမုန့်လုံးထွက်သွားတာနဲ့ ပိုင်သက်လဲ ပြန်အိပ်ဖို့ပြင်လိုက်သည်။ ရှားရှားပါးပါးနားရက်မှာဝအောင်အိပ်မှာက သူ့ပန်းတိုင်ပင်။

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now