အပိုင်း (၄) Unicode

904 56 1
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL) (OC)

အပိုင်း (၄)

ယခုနှစ်ရဲ့Januaryလအပူရှိန်က မနက်ဆိုအေးပြီး နေ့လည်တွေမှာဖြင့် မခံမရပ်နိုင်အောင်ပူပြင်းလှသည်။ ရာသီဥတုနဲ့ကျီစယ်မှုကိုအံတုရင်း ပိုင်သက်တစ်ယောက် အမှောင်ကျကျဂိုထောင်ထဲမှာ စာရင်းများလိုက်လံစစ်ဆေးလျက်ရှိသည်။

အရင်နေ့များက ခါးနာနေသည်ကိုအကြောင်းပြပြီးအနားယူထားသမျှ ယခုတော့ အားလုံးသိမ်းကျုံးလုပ်နေရခြင်းပင်။

ဝလုံးတို့အဆောင်မှာနေထိုင်ခဲ့သည်မှာလဲတစ်ပတ်ကျော်ပြီမို့ အဆောင်နဲ့နေသားကျနေပေပြီ။

"ဂျာကြီး ဒီဘက်ကပုံးတွေစစ်ပြီးရင်ကျွန်တော်စာရင်းသွားပို့လိုက်မယ်နော်"

"အင်း အဲ့ဘက်ကပုံးတွေကိုပိတ်လို့ရပြီ"

များလှတဲ့ပုံးတွေအထုတ်တွေကြားထဲ ပိုင်သက် မျက်စိရော လက်ရော မအားအောင်အလုပ်လုပ်နေချိန် အဝေးကဝန်ထမ်းကလှမ်းအော်ပြန်သည်။

"ဂျာကြီးရေ ကြော်ငြာပိုင်းကဖုန်းဆက်တယ် ကုန်ထုတ်လုပ်ရေးနဲ့ပေါင်းပြီးအစည်းဝေးလုပ်မယ်တဲ့ အဲ့တာအကြောင်းပြန်ပေးပါတဲ့"

"ဒီဘက်ကအလုပ်များနေပါတယ်ဆိုမှ အားနေအစည်းဝေးပဲလုပ်နေလိုက်လို့ပြန်ပြောလိုက်စမ်းပါ"

"အာ..အဲ့လိုပြောရင်ကွိုင်တက်မှာပေါ့ဗျ"

"အဆင်ပြေအောင်သာကြည့်ပြောလိုက်ကွာ"

"ဟုတ်"

တစ်ဖက်မှာ ဝန်ထမ်းတွေကိုအုပ်ချုပ်ရသလို တစ်ဖက်ကလည်းကိုယ့်ထက်ရာထူးကြီးတဲ့သူတွေခိုင်းသမျှလုပ်ရပြန်သည်။

"ပိုင်သက်ရေ မင်းproject 2ကိစ္စကိုလက်စဖြတ်ပေးစမ်းပါ"

"ဟုတ်ကဲ့"

"ပြီးရင် ဒီဖိုင်တွေကိုပြန်စစ်လိုက်အုန်း"

"ဟုတ်ကဲ့"

သူ့ခမျာဗျာများနေရသလောက် လောလောလတ်လတ်ကမှအိမ်ထောင်ကျသွားတဲ့ကျော်စိုးကတော့ မိန်းမထည့်ပေးလိုက်တဲ့ထမင်းကိုစားပြီး သွားကြားထိုးနေလေသည်။

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now