အပိုင်း (၁၅) Unicode

519 37 2
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL)(OC)

အပိုင်း (၁၅)

လက်တော့ပ်ကိုတတောက်တောက်ရိုက်နှိပ်သံနဲ့အတူ အဲကွန်းကထွက်လာတဲ့လေအသံများက ပိုင်သက်ရဲ့တိုက်ခန်းထဲမှထွက်ပေါ်လာလေသည် ။

ပုံမှန်ဆို ပိုင်သက်ကဘယ်လောက်ပူပါစေ အဲကွန်းမဖွင့်ပဲ သည်းခံနေတတ်ပေမဲ့ အခုတော့ ချစ်သူလေးက အိမ်လည်လိုက်လာတာမို့ မဖွင့်မရ ဖွင့်ပေးရတော့သည် ။

" ကလေး အေးဆေးနေနော် "

" ဟုတ် "

မုန့်လုံးတို့ရဲ့စာမေးပွဲ‌ကြောင့် ပိုင်သက်က သူ့တိုက်ခန်းမှာစာလုပ်စေရန်ခေါ်လာခဲ့ခြင်းပင် ။ ဒိတ်ဖို့လဲပါသည်ပေါ့ ။ ဒါတောင် သူစစခေါ်တုန်းက စလုံးကပါအလိုက်မသိလိုက်လာမယ်ဆိုနေတာ‌မို့ ပိုင်သက်မနည်းတာယူလိုက်ရသေးသည် ။

မုန့်လုံးလေးက အိမ်နေရင်းအဝတ်အစားလေးနဲ့ ပိုင်သက်ရဲ့ဧည့်ခန်းထဲမှာ အေးဆေးထိုင်နေရင်း စာလုပ်နေပြီး အိမ်ရှင်ကြီးကတော့ ဘေးကနေ အအေးတိုက်လိုက် ဆံပင်လေးသပ်တင်ပေးလိုက် မုန့်လေးခွံ့လိုက်နဲ့ဟန်ကျနေတော့သည် ။

" ကလေး အဲကွန်းမြှင့်ပေးရအုန်းမလား "

" ဟုတ် ဦးအရင်ကအဲကွန်းမသုံးဘူးလားဟင် "

" ဘာလို့မေးတာလဲကလေးရဲ့ "

" အဲကွန်းထဲကနေ ဖုန်တွေပါထွက်လာလို့လေ "

မုန့်လုံးကပြောရင်းသူ့ခေါင်းလုံးလုံးလေးကိုခါနေတာမို့ ပိုင်သက်မှာလန့်သွားရပြီး ချက်ချင်းထကာ အဲကွန်းအပေါက်ကိုဖုန်သုတ်ပေးရတော့သည် ။ ပြီးတော့မှ အရှက်ပြေရယ်ရင်း

" ကလေးကိုလာမခေါ်ခင် ကိုယ်ဖုန်သုတ်ထားပါသေးတယ် "

" ဦး "

" ဗျ "

" ဘာလို့ကပ်စေးနှဲရတာလဲဟင် "

မေးလာတဲ့ချစ်သူလေးက မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ ။ မွေးကတည်းကကပ်စေးနှဲတယ်ဆိုတာ သူလေးသိအောင် ဘယ်လိုပြောပြရပါ့မလဲ ။

" ကပ်စေးနှဲတာမဟုတ်ပါဘူးကလေးရယ် မကုန်သင့်တာမကုန်အောင်ချွေတာ,တာပါ "

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now