လုံးညီနောင်တို့ချစ်ပုံပြင် (BL)(OC)
အပိုင်း (၁၃)
"ဝလုံး ရော့ ဒီဖိုင်တွေကိုလက်မှတ်ထိုးပြီးပြီ"
နေသူရိန်စိုးမှ စားပွဲပေါ်ကိုဖိုင်တစ်ထပ်တင်ပေးလိုက်ကာ ကွန်ပျူတာကိုစိုက်ကြည့်နေတဲ့ဝလုံးကိုပြောလိုက်သည်။
ဝလုံးကသူ့စကားကိုမကြားသယောင်နဲ့ ကွန်ပျူတာကိုစိုက်ကြည့်နေဆဲပင်။
"ဝလုံး ဟေ့ ဝလုံး"
"အမ် အာ..MD ဟို ဘာဖြစ်လို့လဲမသိဘူး"
"မင်းကိုဖိုင်တွေလာယူဖို့လှမ်းပြောတာမင်းမလာလို့ ကိုယ့်ဘာသာလာပေးတာ"
"တောင်းပန်ပါတယ်"
"အမြဲတမ်းတောင်းပန်နေစရာမလိုပါဘူးကွာ မင်းစိတ်တွေဘယ်ရောက်နေပြန်တာလဲ"
"ဟို...ဘယ်မှမရောက်ပါဘူး ကျွန်တော်အဖွဲ့သုံးကိုခနသွားလိုက်အုန်းမယ်နော်"
"အင်း"
ဝလုံးကသူ့ရှေ့ကနေခပ်မြန်မြန်ထွက်သွားတယ်ဆိုရင်ပဲ နေသူရိန်စိုးမှာစဉ်းစားခန်းဝင်ရလေပြီ။
ဒီနေ့မနက်ရုံးရောက်ကတည်းက ဝလုံးမှာ အလွဲလွဲအချော်ချော်နဲ့အလုပ်မှာအာရုံလုံးဝမရှိပေ။ မကြာခနလဲသူ့နှုတ်ခမ်းသူပြန်ကိုင်နေပြီး သူ့ရဲ့နှုတ်ခမ်းမှာလဲ အနည်းငယ်ယောင်နေလေသည်။
ဝလုံးတကယ်ပဲမနေ့ညကဘာဖြစ်ခဲ့တာလဲ..
နေသူရိန်စိုးစဉ်းစားနေရင်း သူ့စိတ်ထဲမှာ အနည်းငယ်အလိုမကျဖြစ်လာရသည်။ မနေ့ညကပဲ မုန့်လုံးကလဲငိုယိုနေပြီး ဝလုံးကလဲတစ်ညလုံးသူ့ဖုန်းကိုမကိုင်ခဲ့ပေ။
သူစဉ်းစားရင်းစိတ်ထဲထင့်လာရသည်။မနေ့ညက ဝလုံးနဲ့ပိုင်သက်တို့ တစ်ခုခုကျိန်းသေပေါက်ဖြစ်ခဲ့ကြသည်လား?
နေသူရိန်စိုးရင်ပူလာရသည်။ သူစဉ်းစားမိသလောက်တော့ ဝလုံးနဲ့ပိုင်သက်ကနမ်းခဲ့ကြသည်မှာသေချာသလောက်ရှိနေလေပြီ။ သူမထိရက်မကိုင်ရက်ထားခဲ့ရတဲ့ချစ်ရသူက အခြားတစ်ယောက်ကို အနမ်းပေးပြီးပြီဆိုတာတွေးရင်း နေသူရိန်စိုးမှာ အလိုအလျောက်ဒေါသတွေထွက်လာကာ နံရံကိုလက်သီးတစ်ချက်ပစ်ထိုးလိုက်လေတော့သည်။
![](https://img.wattpad.com/cover/297802925-288-k356091.jpg)
ŞİMDİ OKUDUĞUN
လုံးညီနောင်တို့ချစ်ပုံပြင် (Completed)
Romantizmပိုင်သက်ရှိုင်းမာန်လို့ခေါ်တဲ့ အသက်သုံးဆယ်ကျော်လူပျိုကြီးတစ်ယောက်က တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်ကိုကူညီဖို့ "ဝလုံး စလုံး မုန့်လုံး"ခေါ်တဲ့ညီအကိုသုံးယောက်ရှိတဲ့အဆောင်ကိုပြောင်းနေခဲ့ပါတယ်။ စရိုက်မတူတဲ့ညီအကိုသုံးယောက်နဲ့ ကပ်စေးနှဲလူပျိုကြီးတို့ဘာဆက်ဖြစ်...