အပိုင်း (၂) Unicode

1.3K 76 1
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL)(OC)
အပိုင်း (၂)

လူနေစည်ကားလှသည့် အိမ်ယာတိုက်ခန်းတစ်ခုအောက်၌ ပိုင်သက်တစ်ယောက်စက္ကူပုံးတွေနှင့်အလုပ်ရှုပ်နေလေသည်။ အထုပ်အပိုးတွေနဲ့မနိုင်မနင်းဖြစ်နေတဲ့သူ့ကို တစ်ဖက်တိုက်ကTaxiသမားကကြည့်မနေနိုင်တော့ဘဲ အနားကပ်ကာပြောလာလေသည်။

"ငါ့ညီ အထုပ်အပိုးတွေနဲ့ဘယ်သွားမလို့တုန်း"

"အဆောင်ပြောင်းမလို့ပါဗျာ"

"မင်းကဒီတိုက်ကအခန်းဝယ်ထားတာမလား"

"ဟုတ်တယ် ဒါပေမယ့်ရုံးနဲ့ဝေးလို့ပြောင်းမလို့"

"ဪ"

ဪ ဟုဆိုကာအနားကထွက်မသွားသေးတဲ့Taxi ဆရာသမားကိုပိုင်သက်ထပ်မေးလိုက်သည်။

"အကိုကားထွက်မဆွဲသေးဘူးလား ဘာလို့ရပ်နေသေးတာလဲ"

"မင်းကားငှားမလားလို့စောင့်နေတာလေ"

"sorryဗျာ ကျွန်တော်ကလမ်းထိပ်ကရေသန့်ကားနဲ့လိုက်မလို့ဗျ"

"ဘယ်လို?"

"လမ်းကြုံလို့ ဟဲဟဲ"

"ဒါကြောင့်မင်းကိုကပ်စေးနှဲလို့ခေါ်ကြတာကိုး ဒါကြောင့်ကိုး..."

သူ့ဘာသာတစ်ယောက်တည်းပြောရင်းထွက်သွားတဲ့ကားသမားနောက်ကျောကိုကြည့်ရင်းပိုင်သက်ပြောလိုက်သည်။

"အသိအမှတ်ပြုပေးတာကျေးဇူးပါဗျို့" လို့။

ထို့နောက်မှာတော့ ကျော်စိုးနဲ့သူ့ချစ်သူတို့နှစ်ယောက် Taxiတစ်စီးနဲ့ရောက်လာလေသည်။

"လာရတာလမ်းမှာအဆင်ပြေလားကျော်စိုး"

"ပြေပါတယ် မင်းကအထုပ်အပိုးတွေတောင်ပြင်ပြီးပြီလား"

"အင်းလေ မင်းတို့ကိုသော့ပေးပြီးတာနဲ့ငါ အဆောင်ကိုတစ်ခါတည်းပြောင်းမလို့"

"မင်းကိုဒုက္ခပေးတာအားနာလိုက်တာကွာ ဟဲဟဲ"

"အားနာပေလို့ပဲ ဒါနဲ့ငါ့ကိုမင်းဇနီးလေးနဲ့မိတ်ဆက်ပေးအုန်းလေ"

"ဟုတ်သား မေ ဒါကို့ဘော်ဒါကြီး ပိုင်သက်ရှိုင်းမာန်တဲ့ ဒါကငါ့ဇနီးလေး မေသွယ်ခိုင်တဲ့"

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now