အပိုင်း (၁၂) Unicode

537 35 1
                                    

လုံးညီနောင်တို့ချစ်ပုံပြင် (BL)(OC)

အပိုင်း (၁၂)

တိတ်ဆိတ်နေတဲ့ညအချိန်မှာ နာရီစက္ကန့်သံတွေနဲ့ ပြတင်းပေါက်ကနေ လေတိုးသံတိုးတိုးလေးကလွဲလို့ တစ်စုံတစ်ရာအသံကျယ်လောင်နေခြင်းမရှိပေ။

သို့ပေမဲ့ တစ်စုံတစ်ယောက်ရဲ့နှလုံးခုန်သံတွေက ဝုန်းဒိုင်းကျဲဗြောင်းဆန်နေရသည်။ ထိုအရာက ရင်ခုန်ခြင်းဆိုတာထက် ရင်တုန်ခြင်းပဲဖြစ်ပေလိမ့်မည်။

အတွေးတွေတစ်ခုပြီးတစ်ခုတွေးရင်း တဖြည်းဖြည်းဝမ်းနည်းလာရတဲ့မိမိကိုယ်ကို ‌နှစ်သိမ့်နေရင်း မုန့်လုံးမှာ ခေါင်းအုံးကိုမျက်နှာအပ်ကာငိုနေမိသည်။

ညဦးပိုင်းတုန်းကမြင်ကွင်းက မုန့်လုံးကို အိပ်ကောင်းခြင်းမအိပ်ရအောင်ခြောက်လှန့်နေလေရဲ့။

ပြုံးရယ်နေတဲ့ပိုင်သက်နဲ့ ပိုင်သက်ပုခုံးကိုခေါင်းအုံးလုပ်ရင်း မှေးနေတဲ့ ဝလုံးတို့ နှစ်ယောက်ရဲ့ပုံရိပ်တွေက လိုက်ဖက်လွန်းလှသယောင်။

မုန့်လုံးတစ်ယောက် ငိုနေရင်းနဲ့ မျက်ရည်တွေတိတ်လို့တိတ်ငြား လျှောက်တွေးနေလိုက်သည်။

~ပညာအရည်အချင်းဆိုရင်လား.... ဝလုံးကဘွဲ့ရပြီးသား

~အလုပ်အကိုင်....နေကုန်တစ်နေခမ်းဆော့လိုက်စားလိုက်လုပ်နေတဲ့သူ့ထက် ဝလုံးကအစတစ်ရာလောက်သာသည်

~ဒါဆို ပိုင်သက်စိတ်ကိုအရယူနိုင်တဲ့နေရာမှာရော?

သူနဲ့အတူဘေးချင်းယှဉ်ရပ်ပြီးရယ်မောနေတဲ့ပိုင်သက်ရဲ့ပုံစံကို မုန့်လုံးပုံဖော်တွေးကြည့်လိုက်သည်။ နှစ်ယောက်လုံးရယ်မောပျော်ရွှင်ခဲ့တာကို မုန့်လုံးတွေးကြည့်မိတော့ သူ့ရဲ့ပူလောင်နေတဲ့စိတ်တွေ သက်သာရာရသွားတော့သည်။

ဒါပေမဲ့လဲ သူ့အတွေးထဲမှာ ပိုင်သက် ဘေးကရယ်မောနေတဲ့သူကတစ်ဖြည်းဖြည်းအရောင်ပျယ်ပျောက်ကွယ်သွားပြီး သူ့နေရာမှာ ရယ်မောနေတဲ့ဝလုံးကအစားထိုးလာခဲ့သည်။

~တကယ်ပဲဆုံးရှုံးရတော့မှာလားဦးရာ~

ထိုညကတစ်ညလုံး မုန့်လုံးငိုနေခဲ့လေသည်။

လုံးညီနောင်တို့ချစ်ပုံပြင် (Completed)Where stories live. Discover now