1 • ပန်းချီကား | ပန်းချီကား

1.7K 102 10
                                    

Zawgyi

"ဦးငယ် ဒီနေ့ပြခန်းကို သားလည်းလိုက်ခဲ့မယ်နော်။"

ခေါင်းညိတ်ပြလိုက်တော့ အနှီကောင်လေးက ပျော်ရွှင်စွာ ပြေးလွှားခုန်ပေါက်ကာရယ်။

ဂျွန့်ရဲ့အလုပ်က ရှေးဟောင်းပန်းချီတွေကို စုတယ်။ ပြီးရင် ပြခန်းမှာ အလှပြထားတယ်။ စီးပွားရေးအရမဟုတ်ဘဲ ရှေးဟောင်းပန်းချီကားတွေကို စိတ်ဝင်စားလွန်းလို့သာ ဖြစ်တယ်။ ဒါ့အပြင် ပန်းချီကားတွေရဲ့နောက်ကွယ်က ဇာတ်လမ်းတွေကို ပို၍စိတ်ဝင်စားသည်။

တူငယ်ဖြစ်သူ ဆောဂျောင်းကလည်း မိမိနှင့်အတူ ကြီးပြင်းလာလို့ထင်သည်။ သမိုင်းကို သိပ်စိတ်ဝင်စားတဲ့ ကလေးဖြစ်သည်။ သူ့အရွယ်အခြားကလေးတွေ ပန်းခြံထဲ ဆော့ကစားနေကြချိန် သူကတော့ သမိုင်းစာအုပ်တွေကို လှန်လှောဖတ်ရှုနေတတ်သည်။

ရှေးဟောင်းပန်းချီကားတွေနဲ့ ၎င်းတို့ရဲ့သမိုင်းကို သိချင်လို့ ပြခန်းကိုလိုက်ချင်တယ် လို့ ပူဆာတိုင်း ခွင့်မပြုခဲ့ပေမျှ ဒီတစ်ခေါက်တော့ သူ့အလိုလိုက်ဖို့ ဆုံးဖြတ်ထားသည်။ မကောင်းတဲ့လုပ်ရပ်ကို လုပ်မှာမှ မဟုတ်ဘဲ။

နေ့လည်စာ စားပြီးသည်နှင့် ဂျောင်းလေးနှင့်အတူ ပြခန်းသို့ ထွက်လာလိုက်သည်။ ပြခန်းကိုရောက်တော့ ဂျောင်းလေးက သိပ်ကိုကျေနပ်ပျော်ရွှင်နေပုံပါပဲ။ တွဲထားတဲ့မိမိလက်ကိုပင် ဖြုတ်ချကာ နံရံတစ်ဖက်တစ်ချပ်စီက ပန်းချီအစုံစုံကို လိုက်လံကြည့်ရှုနေသည်။ တခါတရံမှာ ဘယ်ပန်းချီကားကတော့ဖြင့် ဘယ်မင်းရေးဆွဲခဲ့တာ ဆိုပြီးပင် ဂျွန့်အား ပြန်ပြောပြနေသေးသည်။

"ဝါး...လှလိုက်တာ။" ပြခန်းရဲ့အလယ်ကိုရောက်တော့ မည်သည့်အပြိုင်ပန်းချီမှမရှိဘဲ သူ့တည်းရှိတဲ့ ပန်းချီကားတစ်ချပ်ကို မျက်လုံးမခွာနိုင်အောင် ကြည့်နေဖြစ်၏။

အနုပညာသိပ်မထွန်းကားသေးတဲ့ခေတ်မှာ ​ရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်လို့ မယုံနိုင်လောက်အောင် လက်ရာကောင်းလွန်းသည်။ အနုစိတ်လှပလွန်းသည်။
အသက်ဝင်လွန်းသည်။

ပန်းချီကားထဲ၌ အနီရောင်ရဲရဲဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားငယ်တစ်ဦးက အဖြူ​ရောင်ခြယ်တဲ့ ခေါင်ရမ်းငယ်ခင်းအလယ်တွင် ရှိနေသည်။ ဘေးတစ်စောင်း အနေအထားဖြင့် ရပ်နေသည်မို့ အနည်းအကျဉ်းသာမြင်ရတဲ့ မျက်နှာပေမဲ့ သိပ်ပျော်ရွှင်နေမှန်းတော့ သိသာပါသည်။ ဝဲကျနေတဲ့ ဆံပင်အချို့တဝက်တို့၌ အဖြူရောင်ရှိတဲ့ ဆံနွယ်အချို့လည်း ပါရှိသည်။ ဆံနွယ်ဖြူရှင်လေးဟာ ပန်းချီကားထဲ၌ အသက်ဝင်စွာ လှပလွန်းသည်။

The Portrait : King's Beloved • 황승Where stories live. Discover now