Unicode
ချယ်ရီတွေဟာ ကြွေဖို့ တာဆူနေကြလေပြီ။ ဂျီဆောင်းရဲ့ စောင့်ဆိုင်းခိုင်းထားမှုကို သူတို့ ဆက်မနာခံချင်ကြတော့ဘူး ထင်။
စောင့်ဆိုင်းခြင်း။
ပျင်းစရာကောင်းတဲ့ စကားပေမဲ့ ဂျီဆောင်းကတော့ ထိုစကားလုံးကို ကျေနပ်စွာ ဖက်တွယ်နေခဲ့တယ်။သူ မင်ဟို့ကို ယုံပါတယ်။
မင်ဟိုက ပြောတဲ့ကတိကို တည်မယ့် လူစားမလို့ သေချာပေါက် ပြန်လာမှာပါ။ပြန်လာအောင်လည်း တမင်ကို ပို့စာတွေကို လက်မခံခဲ့တာ။ စာထွင်းတဲ့ အက္ခရာအချို့နှင့် ချွေးသိပ်တာမျိုးကို ဂျီဆောင်း လက်မခံနိုင်ပေါင်။ သူလိုအပ်တာက မင်ဟိုကိုယ်တိုင် လာတွေ့ဖို့ပဲ။ သူ့ရင်ထဲက စကားတွေကလည်း မင်ဟို့ကို လူချင်းတွေ့ပြီး ပြောမှ ဖြစ်မယ့် လေးနက်ခြင်းတွေ ဖြစ်တယ်။
"ဒီကလေး... ညဥ့်နက်နေပြီကို အထဲမဝင်သေးဘူးလား ။"
အိမ်ထဲမှ အမေဟာ လှမ်းအော်တယ်။ ဟုတ်ပါရဲ့။ အချိန်တောင် တော်တော်လင့်ပြီပဲ။ စောနလေးတင်ပဲ ၁၂ ချက် ထိုးသွားတာကို တစွန်းတစ ကြားလိုက်ပါရဲ့။
"မျှော်မနေစမ်းပါနဲ့တော့ ဟိုက ပြန်မလာလောက်တော့ပါဘူး"
ဂျီဆောင်းရဲ့ အကြည့်တွေက မိခင်ဖြစ်သူထံကို စူးရဲရဲ ကျရောက်သွားခဲ့တယ်။
"သူ သေချာပေါက် ပြန်လာမှာပါ။ သူ ကျွန်တော့်ကို ကတိပေးခဲ့တယ်။"
အမေကတော့ ခေါင်းသာ ခါတယ်။
မိခင်ဖြစ်သူရဲ့ ဝဋ်ကြွေးကလည်း မနည်း။
သားဖြစ်သူ ခြေများတုန်းကလည်း အပျော်ခုံသွားတိုင်း ရင်တမမ။
အခု ငြိမ်နေပြန်တော့လည်း တမှိုင်မှိုင်တတွေတွေမို့ စိတ်မရွှင်ပျ။ပြတင်းပေါက်ကို ပြန်ပိတ်ပြီး အခန်းရှိ မီးကိုပါ ငြှိမ်းသွားပုံထောက်။ အမေ အိပ်တော့မယ် ထင်။
ဂျီဆောင်းလည်း ချယ်ရီတွေကို နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်ပြီးနောက် အိမ်တော်ထဲသို့ ဝင်လာလိုက်တော့သည်။
အချိန်တွေ ဘယ်လောက်ကြာကြာ။
ဘယ်သူတွေ ဘယ်လိုပြောပြောပါ။
YOU ARE READING
The Portrait : King's Beloved • 황승
Fanfictionပန်းချီကားတစ်ချပ်။ ယင်းထဲမှာတော့ အဖြူရောင်ဆံနွယ်အချို့ပါရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အနီရောင်ဝတ်စုံလေးကို ကျော့ကျော့လေးဝတ်ကာ အဖြူရောင် ခေါင်ရမ်းငယ်ခင်းထဲမှာ လှပစွာ ရှိနေတယ်။ အဲဒီပန်းချီကားလေးရဲ့နောက်ကွယ်က ဇာတ်လမ်းလေးကတော့ ....