28 • ခြေလှမ်းသစ် | ခြေလှမ်းသစ်

265 33 3
                                    

Unicode

အလင်းရောင်ကောင်းစွာရရှိတဲ့ လပြည့်ညတွေကို
ဆွန်းမင် သဘောကျသည်။ ​ယခုညလို ကြယ်တွေပါ
စုံနေရင်တော့ ပိုပြီးသဘောကျရသည်။
ဒါပေမဲ့ သဘောအကျဆုံးကတော့ ဒီလို လှပတဲ့
အခိုက်အတန့်လေးကို ဟျွန်းဂျင်နဲ့အတူ ကုန်ဆုံးရခြင်းပါပဲ။

လရောင်ဖြာကျနေတဲ့ ဝန်းကျင်ကိုကြည့်ရင်း
မျှော်ကိုးမိပါသေးသည်။ သူတို့ဘဝမှာရော
ဒီလို အလင်းရောင်မျိုး ဘယ်တော့မြင်ရမလဲလို့လေ။

"မနက်ဖြန်မနက် ညီလာခံပြီးတာနဲ့ ယူအန်မြို့ကို
သွားရမယ်"

အိမ်ရှေ့စံရဲ့အသိပေးချက်ဟာ လွင့်မျောနေတဲ့
ဆွန်းမင်ရဲ့စိတ်တို့ကို ပြန်လည်စုစည်းစေခဲ့သည်။
​တစ်ပါတည်းမှာပဲ မျက်ခုံးတို့ဟာလည်း အလိုမကျစွာ
တွန့်သွားကြသည်။

"ကျွန်တော်ရော လိုက်ခဲ့လို့ ဖြစ်မလား အိမ်ရှေ့စံ"

မော့ကြည့်လာတဲ့ အဲဒီမျက်ဝန်းတွေကို ငြင်းဆန်ဖို့​က
ဟျွန်းဂျင်အတွက် သိပ်ခက်ခဲပါသည်။ သို့ပေမဲ့
မလိုက်လျောသာတာမလို့ ခေါင်းခါပြရသည်။

"ကိုယ်မရှိပေမဲ့ ဆွန်းငယ်ကတော့ ဒီမှာ
ရှိနေမှဖြစ်မယ်မလား"

"ဘယ်လောက်ကြာမှာလဲ အိမ်ရှေ့စံ"

"မကြာပါဘူး။ သုံးလေးရက်ပါပဲ"

ထိုအခါ ဆွန်းမင်ဟာ သူ့အနားကို ပိုတိုးကပ်လာခဲ့ပြီး
ခါးကိုဖက်လာခဲ့သည်။ မျက်နှာငယ်လေးကိုလည်း
လည်တိုင်မှာ ဝှက်လာရင်းပေါ့။

"သတိရနေတော့မှာပဲ"

"ကိုယ်ရောပါပဲ"

ဒီနောက်ပိုင်းမှာ ဆွန်းမင်ဟာ သူ့အပေါ်
အရင်ကထက်ပိုပြီး ပွင့်လင်းလာသည်။
ခံစားချက်တွေကိုလည်း ဖုံးကွယ်မနေဘဲ အရှိအတိုင်း
ဆက်ဆံသည်။
ပြီးတော့ အရင်ကထက်လည်း သူ့ကိုပိုပြီး
တွယ်တာလာသည်။

ဘာကြောင့် ဒီလိုပြောင်းလဲနေသလဲ မသိပေမဲ့
ဟျွန်းဂျင် စိတ်ပျော်ရပါသည်။ တစ်နေ့တစ်ခြား
နှလုံးသားနှစ်သွယ်ဟာ ပိုနီးလာသလိုလည်း
ခံစားရသည်။

"ခွဲရမယ့်ရက်တွေအတွက် ပြန်လာတဲ့အခါ အနားမှာ
ပိုနေပေးပါ့မယ်။ ဒီညလည်း ဆွန်းငယ်အနားမှာပဲ
နေမယ်။ ဟုတ်ပြီလား"

The Portrait : King's Beloved • 황승Where stories live. Discover now