Zawgyi
"အိမ်ရှေ့စံက စိတ်တော့ကောင်းပါသေးရဲ့နော်?"
ဆွန်းမင်ရဲ့စကားဝယ် အိမ်ရှေ့စံမယ် ရယ်ရခက်၊ ငိုရခက်။
"ဒါနဲ့များ ကျွန်တော့်ကို ကြင်ယာဖက်အဖြစ် အလိုရှိတယ်လို့ ဘာလို့များ လာစနောက်နေရသလဲ?"
"ကိုယ်စနောက်နေတာပါလို့ ဘာလို့ထင်ရတာလဲ ဆွန်းငယ်?
ကိုယ်မင်းကို အတည်လက်ထပ်ချင်တာပါ။" ဟျွန်းဂျင်ရဲ့ စကားမှာ ဆွန်းမင်က မျက်ခုံးတို့ကိုကြုံ့ရင်း ကြည့်လာ၏။"ကျွန်တော်က မိန်းမတစ်ယောက် မဟုတ်ဘူး အိမ်ရှေ့စံ!"
ခပ်စူးစူး အကြည့်တွေရယ်၊
ခပ်တင်းတင်းဖိကိုက်ထားတဲ့ အောက်နှုတ်ခမ်းရယ်။
သူက အထင်လွဲပြီး စိတ်ဆိုးသွားခဲ့တာလား?"ကိုယ် မင်းကို မိန်းမတစ်ယောက်လို့ မမြင်ဖူးပါဘူး။"
"ဒါနဲ့များ ဘာလို့...."
ဆွန်းမင် ချစ်ခြင်းမေတ္တာကို ကျား၊မ ဘောင် ခတ်နေတာ မဟုတ်သလို သူကိုယ်တိုင်လည်း အမျိုးသားတစ်ယောက်ကို သဘောကျမိနေတာမလို့ ဒါတွေကို ခါးခါးသီးသီးမဖြစ်ပါဘူး။
ဒါပေမဲ့..
တိုင်းပြည်ရဲ့ထီးနန်းအရိုက်အရာကို ဆက်ခံရမယ့်
အိမ်ရှေ့စံတစ်ယောက်က ယောက်ျားတစ်ယောက်ကို
ကြင်ယာတော်အဖြစ် ရွေးကောက်ချင်တယ် ဆိုတာက
အများအမြင်မှာ သိပ်ကို ရှုတ်ချခံရနိုင်တဲ့အရာမလား?နန်းတက်တဲ့အခါမှာရော၊ နောင်တစ်ချိန်မျိုးဆက်အတွက်ရော
တွေးကြည့်လေလေ..ဘယ်လိုမှ အဓိပ္ပါယ်မရှိတာကြီး။အစဉ်အဆက်လည်း ချောပေ့၊ လှပေ့ အထက်တန်းလွှာ အမျိုးသမီးတွေကိုချည်း ကြင်ယာရွေးခဲ့ကြတာ။
ဒါကြောင့်မလို့ ကြင်ယာဖက်အဖြစ်ရွေးရအောင် မိမိကို မိန်းမတစ်ယောက်လို့များ ထင်မှားနေသလား ဆွန်းမင် တွေးထင်ပြီး ဒေါသထွက်မိခြင်းပင်။
ဆွန်းမင်ရဲ့အမေးကိုမဖြေခင် အိမ်ရှေ့စံက
သက်ပြင်းတစ်ခုကို ညင်သာစွာချတယ်၊ ပြီးမှ ခပ်ရေးရေး ပြုံးရင်း.."ချစ်မြတ်နိုးလို့ပေါ့ ဆွန်းငယ်။ ကိုယ်မင်းကို ဘယ်လောက် စုံမက်ချစ်ခင်ရသလဲ မင်းတကယ်ပဲ မသိတာလား? သိလျက်နဲ့ မသိကျိုးကျွံပြုနေတာလား?"
YOU ARE READING
The Portrait : King's Beloved • 황승
Fanfictionပန်းချီကားတစ်ချပ်။ ယင်းထဲမှာတော့ အဖြူရောင်ဆံနွယ်အချို့ပါရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အနီရောင်ဝတ်စုံလေးကို ကျော့ကျော့လေးဝတ်ကာ အဖြူရောင် ခေါင်ရမ်းငယ်ခင်းထဲမှာ လှပစွာ ရှိနေတယ်။ အဲဒီပန်းချီကားလေးရဲ့နောက်ကွယ်က ဇာတ်လမ်းလေးကတော့ ....