Zawgyi
သက်ပြင်းရှည်တစ်ခုကိုချရင်း ဒေါသစိတ်တို့ကို ချိုးနှိမ်ပစ်ရသည်။ ဒါနဲ့ဆို မင်ဟိုသက်ပြင်းချမိတာ ဆယ်ကြိမ်ထက် မနည်းတော့။
နန်းတော်မှာတုန်းက အသက်ငယ်ငယ်ကလေးနဲ့ သံတမန်ဖြစ်လာတဲ့ ဟန် အပေါ် ချီးကျူးမိသမျှ အကုန်ပြန်ရုတ်သိမ်းမိသည်။ လူတစ်ယောက်အကြောင်း သိချင်ရင် ခရီးအတူသွားပါ ဆိုတဲ့စကားအတိုင်း ခရီးအတူထွက်လာရတော့မှ ဟန်ဂျီဆောင်းအကြောင်း နောကြေတော့သည်။
လမ်းလျှောက်ရင် နှေးတိနှေးကွေးကိုမှ စကားကလည်း များသေးသည်။ ပင်ပန်းကြောင်း ညည်းညူလိုက်တာလည်း လွန်ရော။ အဖိုးကြီးအိုဝင်စားသလား အောက်မေ့ရတယ်။
"ဟိုလူ..ခဏစောင့်ဦး။ ဘယ့်နှယ် သူ့ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားတာ မြန်လိုက်တာ..လိုက်လို့ မမီတော့ဘူး။"
"ငါက မြန်တာမဟုတ်ဘဲ မင်းကိုက နှေးနေတာ။"
"ကျွန်တော်လျှောက်တာ မနှေးပါဘူးနော်။ ဒါက ခရီးဝေးသွားရမှာမလို့ အားအင်ချွေတာနေတာ။" စကားတတ်လွန်းတဲ့ ဟန်နဲ့ စကားနိုင်မလုချင်တော့သည်မို့ အကြီးဖြစ်တဲ့ မိမိကပဲ အလျှော့ပေးလိုက်သည်။
ခရီးဆက်ဖို့လုပ်နေတုန်း လှမ်းတားလာတဲ့လက်ကြောင့် မင်ဟို ငေးကြောင်စွာ လှည့်ကြည့်မိသည်။
"ခဏလောက် နားရအောင်။" ခပ်စောစောက မိမိနှင့် စကားနိုင်လုနေသည့်သူ မဟုတ်သည့်နှယ်၊ အချိုဆုံး မျက်နှာထားဖြင့် မျက်နှာချိုသွေးနေသည်ကား ကြံသကာရည် လောင်းထားသလား အောက်မေ့ရအောင်။
"ိမင်းနဲ့တော့ ခရီးရောက်မှာကို မဟုတ်တော့ပါဘူး..."
ဟုတ်လည်း ဟုတ်ပါသည်လေ။ ခရီးရောက်မယ် မကြံလိုက်နှင့်၊ ခဏနားဖို့ ပြောနေသည့်ကောင်လေးကြောင့် သည်ခရီး ဘယ်မရွေ့တော့ပါလေ။
"ခင်ဗျား ဒီလိုတော့ မပြောနဲ့။ ကျွန်တော်က ဒီလိုခရီးဝေးကို ဘယ်တုန်းကမှ ခြေကျင်သွားဖူးတာ မဟုတ်ဘူး။ သည်တော့ ခင်ဗျားဘက်က နည်းနည်းပါးပါး သည်းခံရမှာပေါ့။"
"ခြေကျင်သွားရမှာပေါ့။ မင်းပဲ မြင်းတွေကို လွတ်စေလိုက်တာလေ။" သည်တော့မှ ညှိုးကျသွားတဲ့ မျက်နှာလေးက သူ့အပြစ်သူ သတိရသွားလို့ဖြစ်သည်။
YOU ARE READING
The Portrait : King's Beloved • 황승
Fanfictionပန်းချီကားတစ်ချပ်။ ယင်းထဲမှာတော့ အဖြူရောင်ဆံနွယ်အချို့ပါရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အနီရောင်ဝတ်စုံလေးကို ကျော့ကျော့လေးဝတ်ကာ အဖြူရောင် ခေါင်ရမ်းငယ်ခင်းထဲမှာ လှပစွာ ရှိနေတယ်။ အဲဒီပန်းချီကားလေးရဲ့နောက်ကွယ်က ဇာတ်လမ်းလေးကတော့ ....