Zawgyi
သည်ကနေ့ လေတွေ ငြိမ်နေသည်။ တိမ်တွေ မှိုင်းနေသည်။ နန်းတော်ရဲ့ညီလာခံထဲရှိ အမတ်တွေရဲ့ ခွန်းတုံ့ပြန်မှုတွေကြောင့် လေထုသည် တင်းမာနေခဲ့သည်။
အကြောင်းကတော့ ဟျွန်းဂျင်ရဲ့ အိမ်ရှေ့စံ အရိုက်အရာကို ပြန်သိမ်းဖို့ ဖြစ်ပြီး သည်ကိစ္စရဲ့ နောက်ကွယ်မှာတော့ အမတ်ကင်မ် ရှိနေခဲ့သည်။
အနားကို လွှတ်ထားတဲ့သားက အသုံးမကျစွာ တာဝန်ကို မကျေပွန်မှတော့ သူ တခြားနည်းလမ်း ကြံဆရတော့သည်လေ။
"စိုးရွံ့မိပေမဲ့ အိမ်ရှေ့စံရဲ့ ကြင်ရာအရေးက တိုင်းပြည်အတွက် နိမိတ်ယုတ်ပေတယ်လို့ ထင်မိပါတယ် မင်းကြီး ။ သည့်အပြင် အရိုက်အရာဆက်ခံစရာ သွေးသားမရှိတဲ့ အိမ်ရှေ့စံကို တိုင်းပြည်အပ်နှင်းလိုက်လို့လည်း မဖြစ်သေးပါဘူး။"
"လက်ဝဲဘက်အမတ်ကြီး လျှောက်တင်တာကို ကျွန်တော်မျိုးလည်း လက်သင့်ခံပါတယ် မင်းကြီး။ ယခု မျိုးနွယ်တူအမျိုးသားတစ်ဦးကို ထိမ်းမြားထားတာကိုတောင် တိုင်းပြည်ထဲမှာ တစ်စတစ်စ မကောင်းသတင်း ကြားနေရတုန်းပါ။ အကယ်၍များသာ ထီးနန်းပေးလိုက်ပါလျှင် ပြည်သူပြည်သားတွေရဲ့ အပြစ်ဆိုဖွယ် ဖြစ်သွားပါလိမ့်မယ်။"
တစ်ယောက်စနှစ်ယောက်စ လျှောက်တင်နေကြတဲ့ အမတ်များကို ကြည့်ကာ ဝူ ခေါင်းခါမိသည်။ ပညတ်ချက်တွေ များပြားလွန်းတဲ့ ခေတ်ကာလမှာ ဘယ်အရာကိုမှ မမျှော်လင့်ထားပေမဲ့ တစ်ပါးသူရဲ့ အိမ်ထောင်ရေးရွေးချယ်မှုကို ကဲ့ရဲ့နေလိုက်ကြသည်မှာ တရားလွန်လွန်းသည်။
အိမ်ရှေ့စံ ညီလာခံ မတက်တာပဲ တော်သေးသည်။
သို့မဟုတ်ပါက နန်းတော်ထဲ သွေးနီမိုးရွာသွန်းမှာကို ဝူ မြင်ယောင်ပါသည်။သူ မြတ်နိုးစုံမက်တဲ့သူကို မဆိုထားဘိ။
တိရစ္ဆာန်လေး ၊ ပန်းပွင့်လေးတစ်ပွင့်ကိုတောင် နှုတ်နှင့်ပင် ထိပါးမခံတဲ့ အိမ်ရှေ့စံမလို့ ယခုလိုများသာဆို ဆိုဖွယ်မရှိ။"အိမ်ရှေ့စံဟာ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ပါ။ သူ့ရဲ့ဘဝလက်တွဲဖော်ကို ရွေးချယ်တဲ့နေရာမှာ သူ့အတွက် အကောင်းဆုံးကို သူသိပါတယ်။ သည့်ကြောင့်မို့ သည်ကိစ္စကို အိမ်ရှေ့စံကိုယ်တိုင် သူ့ဘာသာသူ စဉ်းစားရွေးချယ်သင့်တယ် ထင်ပါတယ်။ အမတ်မင်းတို့အနေနဲ့လည်း ကိုယ့်တိုင်းပြည်ရဲ့ အရှင်သခင်လောင်းရဲ့ ကြင်ဖက်ကို သည်မျှ ထိပါးနေတာ လုံလောက်ပြီ ထင်ပါတယ်။"
YOU ARE READING
The Portrait : King's Beloved • 황승
Fanfictionပန်းချီကားတစ်ချပ်။ ယင်းထဲမှာတော့ အဖြူရောင်ဆံနွယ်အချို့ပါရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အနီရောင်ဝတ်စုံလေးကို ကျော့ကျော့လေးဝတ်ကာ အဖြူရောင် ခေါင်ရမ်းငယ်ခင်းထဲမှာ လှပစွာ ရှိနေတယ်။ အဲဒီပန်းချီကားလေးရဲ့နောက်ကွယ်က ဇာတ်လမ်းလေးကတော့ ....