Zawgyi
မြင်းခွာသံအစုံက လမ်းတစ်လျှောက် ဟည်းလို့။ ဆွန်းမင်ရဲ့ အညိုရောင်မြင်းက ရှေ့ကပြေးနေသလို အိမ်ရှေ့စံရဲ့ မြင်းဖြူကတော့ အနောက်က ခပ်နှေးနှေး။ ကြင်ယာတော်က ဘယ်လောက်ဆိုးလိုက်သလဲ။ ဟျွန်းဂျင်နဲ့ မြင်းအတူမစီးဘဲ မြင်းသပ်သပ် စီစဉ်ခိုင်းခဲ့ပါသတဲ့။
သူတို့ပင်လယ်ကိုရောက်တော့ နေအတော်ကျပြီဖြစ်သည်။ နေရောင်က ပင်လယ်ရေပေါ် ရွှေရောင်အဆင်းနှင့် ဖြာကျမနေဘဲ အနောက်ဘက်သို့ ဝင်စပြုနေသည်။
မြင်းကို ကမ်းနားပင်မှာ ချည်ထားခဲ့ပြီး ကမ်းစပ်ကို လျှောက်လာခဲ့ကြသည်။ ရေတစပ်စပ်နှင့် သဲမြေနုမှာ ဆွန်းမင်က ခြေရာလေးများချန်ရင်း လမ်းလျှောက်နေသည်။
ခြေဖဝါးနုနုဟာ ဘာဖိနပ်မှမပါဘဲ ဗလာဖြစ်သည်။သူ ငယ်ငယ်လေးကတည်းက ပင်လယ်ကို သိပ်သွားချင်ခဲ့တာ။ ဒါပေမဲ့ မြို့တော်နှင့် အလှမ်းဝေးတာမလို့ ကြုံတောင့်ကြုံခဲ အချိန်တွေမှာသာ လာခွင့်ရခဲ့သည်။
အိမ်ရှေ့စံက ခြေနှစ်လှမ်းအကွာက လိုက်လာသည်။ သူ့ ချစ်ဦးသူ ချန်ထားတဲ့ ခြေရာတွေအတိုင်း ထပ်ကြပ်မကွာ လိုက်ရင်းပေါ့။
ကလေးတစ်ယောက်လို ပြုံးရယ်နေတဲ့ ကြင်ယာတော်ကို ကြည့်ရင်း သူလည်း ပျော်သည်။ ဒီပုံစံလေးကိုဟာ အမြဲ မြင်ရလျှင် ဘယ်လောက်ကောင်းမလဲ။
"ပင်လယ်ကို သဘောကျတာလား။" ဟျွန်းဂျင်ရဲ့ မေးခွန်းမှာ ဆွန်းမင်က ပြုံးနေတာကို ရပ်လိုက်တယ်။
"အင်း။ ပင်လယ်ကို အများကြီးသဘောကျတယ်။ ဒါပေမဲ့ ဒီနေ့တော့ ပင်လယ်ကို ကျွန်တော် သိပ်မုန်းတယ် အိမ်ရှေ့စံ။"
"ကိုယ့်ကြောင့်များလား..ကိုယ်ရှိနေလို့များလားဟင် ဆွန်းငယ်"
ဆွန်းမင်က ဘာမှပြန်မဖြေ။ အိမ်ရှေ့စံကို အကြည့်လွှဲရင်း မြောက်ဘက်ကိုသာ ငေးနေသည်။
"ကျွန်တော် တစ်ယောက်တည်း လမ်းလျှောက်ချင်တယ်။ ကျေးဇူးပြုပြီး လိုက်မလာပေးလို့ ရမလား အိမ်ရှေ့စံ။"
"တစ်ယောက်တည်း ဘယ်အထိ လျှောက်မလို့လဲ ဆွန်းငယ်။"
"စိတ်ချပါ။ ကျွန်တော် ခြေဗလာနဲ့တော့ ထွက်မပြေးပါဘူး။ အချိန်တန်ရင် ပြန်လာမှာပါ။ စိတ်နှင်ရာ ထွက်ပြေးသွားရအောင် ကျွန်တော့်ဘဝက အရင်လို လွတ်လပ်တော့တာမှ မဟုတ်တာဘဲ။"
YOU ARE READING
The Portrait : King's Beloved • 황승
Fanfictionပန်းချီကားတစ်ချပ်။ ယင်းထဲမှာတော့ အဖြူရောင်ဆံနွယ်အချို့ပါရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အနီရောင်ဝတ်စုံလေးကို ကျော့ကျော့လေးဝတ်ကာ အဖြူရောင် ခေါင်ရမ်းငယ်ခင်းထဲမှာ လှပစွာ ရှိနေတယ်။ အဲဒီပန်းချီကားလေးရဲ့နောက်ကွယ်က ဇာတ်လမ်းလေးကတော့ ....