Unicode
"ဒီတစ်ခေါက်ရောက်လာတာကရော တခဏပဲလား မင်ဟို" ဂျီဆောင်းဟာ စကားစလာခဲ့သည်။
လက်ရှိ သူတို့ဟာ ညနေခင်း လမ်းလျှောက်ထွက်ရင်း မြို့အလွန်ရှိ မြက်ရိုင်းပြင်ထဲ ရှိနေကြတာ ဖြစ်သည်။ လေဟာ ငြိမ်သည်လို့ ဆိုလို့ မရသလို၊ ပြင်းသည်လို့လည်း ပြောလို့ မရ။ တိုက်တစ်ချက်၊ ငြိမ်တစ်ချက် ဖြစ်နေသည်။ ထို့ကြောင့် မြက်ပင်ရှည်တွေဟာလည်း ယိမ်းတစ်ချက်၊ တည်တစ်ချက်။
"အခြားမြို့တော်မှာ အခြေချဖို့ဆိုရင် အဲ့ဒီမှာ အိမ်ထောင်ရက်သား ကျမှ ဖြစ်မှာလေ။ အဲ့ဒီတော့ ကိုယ် မပြန်ဘဲ တစ်သက်လုံး နေသွားဖို့က မင်းအပေါ်မှာ မူတည်တယ်။ ဘယ်လိုပဲ ဟန်။ ကိုယ့်ကို လက်ထပ်ယူမှာလား။"
မင်ဟိုဟာ သူလည်ချင်ပြန်တော့လည်း လည်ပါသည်။
လက်ထပ်ခွင့်ကို ဆန်းသစ်စွာ တောင်းခံသည်။"ကျွန်တော်ကတော့ မင်ဟို့ကို လက်မထပ်ချင်ပါဘူး။" ဂျီဆောင်းဟာ မင်ဟို့ကို မကြည့်ဘဲ တောင်တန်းတွေကြား တိုးဝင်ပုန်းဝင်နေတဲ့ နေမင်းကို ကြည့်ရင်း ဖြေသည်။
မျှော်လင့်ထားတဲ့အဖြေ မဟုတ်လို့ မင်ဟို မျက်နှာပျက်သွားမိတာ အမှန်ပါပဲ။ ဂျီဆောင်းဟာ သူ့ကို ငြင်းစရာအကြောင်းမှ မရှိတာပဲ။ အထူးသဖြင့် သဘောကျကြောင်းပြတဲ့ အရိပ်အမြွက်တွေကြောင့်ပေါ့။
"ကျွန်တော့်ကို ချစ်ပါတယ်လို့ မဆိုဖူးတဲ့လူတစ်ယောက်ကို ဘာကြောင့်များ လက်ထပ်ရပါ့မလဲ မင်ဟို။"
အသိတရားတစ်ခုဟာ မင်ဟို့ကို တီးခေါက်သည်။
ဟုတ်ပါရဲ့။ သူ သိပ်ကို လောသွားမိခဲ့တာပဲ။ အဆင့်တွေ ကျော်မိသွားခဲ့တယ်။သူချစ်နေတာ ဂျီဆောင်းသိမယ်လို့ တွေးခဲ့ပေမဲ့ ဟုတ်သားပဲ။ တရားဝင် ဖွင့်ဟဝန်ခံဖို့ လိုသေးတာပဲ။
"ဟန်... ကိုယ် မင်းကို-"
"နောက်တစ်ကြိမ်ပေါ့ မင်ဟို။"
သည်လိုနှင့်ပဲ.. စကားမဆုံးလိုက်ခင်မှာ ဂျီဆောင်းဟာ မြက်ရိုင်းရှည်တွေကြားထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
YOU ARE READING
The Portrait : King's Beloved • 황승
Fanfictionပန်းချီကားတစ်ချပ်။ ယင်းထဲမှာတော့ အဖြူရောင်ဆံနွယ်အချို့ပါရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အနီရောင်ဝတ်စုံလေးကို ကျော့ကျော့လေးဝတ်ကာ အဖြူရောင် ခေါင်ရမ်းငယ်ခင်းထဲမှာ လှပစွာ ရှိနေတယ်။ အဲဒီပန်းချီကားလေးရဲ့နောက်ကွယ်က ဇာတ်လမ်းလေးကတော့ ....