Unicode
'ခွမ်း'
ကျကွဲသံတစ်ခုနှင့်အတူ ကြွေပန်းအိုးလေးဟာ
ကြမ်းပေါ်မှာ အစိတ်စိတ်အမွှာမွှာ။အသံစူးစူးကြောင့် ယုံးဘို့လည်း အလန့်တကြား
ရောက်လာခဲ့သည်။ ထိုအခါ မြင်ရတဲ့မြင်ကွင်းက
သိပ်တော့ မလှ။ကြမ်းပြင်ပေါ်ကျနေတဲ့ ကြွေစတွေကို
သွေးထွက်နေပြီဖြစ်တဲ့လက်တွေနဲ့ ချန်းဘင်ဟာ
လိုက်ကောက်ယူနေသည်။ယုံးဘို့ ချက်ချင်းပဲ ပြေးသွားရင်း ချန်းဘင်လက်တွေကို ဆုပ်ကိုင်ကာ တားဆီးလိုက်သည်။ ထိုအခါမှ
ရပ်တန့်သွားတဲ့လက်တို့ထံမှ ကြွေစတို့ကို ဂရုတစိုက်ယူကာ
တစ်နေရာမှာ စုလိုက်ရသည်။"အဆင်ပြေပါရဲ့လား"
သူ့မေးခွန်းဟာ နားမပေါက်သည့်ဟန်။
ချန်းဘင်ဟာ ကြွေစတွေကိုသာ ငေးနေဆဲဖြစ်သည်။
မျက်နှာဟာလည်း သိသိသာသာညှိုးကျနေသည်။"အဲဒါက ဆွန်းမင်ကိုယ်တိုင် ဆေးခြယ်ပြီး
လက်ဆောင်ပေးခဲ့တာ"ဟုတ်ပါမည်။
ဒါကြောင့်ပဲ ချစ်ရသူဟာ နှမြောကြီးစွာ
လိုက်ကောက်ယူနေခဲ့တာ။သိသိသာသာ ငြိမ်ကျသွားတဲ့ ယုံးဘို့ကိုသတိထားမိတော့
ချန်းဘင် သူ့ကိုယ်သူသာ ထုရိုက်ပစ်ချင်တော့သည်။
ယုံးဘို့ရှေ့မှာ ဆွန်းမင်နဲ့ပက်သက်တဲ့ ခံစားချက်တွေကို
ထပ်ပြမိပြန်ပါပြီ။ ဒီကောင်လေး ကြိတ်ဝမ်းနည်းတတ်တာ
သိသိလျက်နဲ့။"ကိုယ်တောင်းပန်ပါတယ် ယုံးဘို့"
ယုံးဘို့ဟာ အဆင်ပြေကြောင်းပြဖို့ ပြုံးပြလာတယ်။
ဒါပေမဲ့ ဒီအပြုံးဟာ မစစ်မှန်ကြောင်း သူသိပ်သိတာပေါ့။
မျက်လုံးလေးတွေမှ အသက်ဝင်မနေပါဘဲ။"ရပါတယ်။ နှစ်ယောက်သားသံယောစဥ်ကို
သိနေတာပဲလေ""သံယောစဥ်ဖြတ်မရတာကို ဝန်ခံပေမဲ့ တစ်ခုတော့
ယုံပေး။ မင်းနဲ့လက်ဆက်ပြီးနောက်ပိုင်း ကိုယ်သူ့အပေါ်
မရိုးမသားစိတ် မရှိခဲ့ဖူးဘူး"ယုံးဘို့ ယုံပါသည်။
ချန်းဘင် မဖောက်ပြားခဲ့ဘူးဆိုတာ သူယုံပေးနိုင်ပါသည်။
ပြီးတော့ နောင်လည်း ဖောက်ပြားမှာမဟုတ်ကြောင်း သေချာသည်။
YOU ARE READING
The Portrait : King's Beloved • 황승
Fanfictionပန်းချီကားတစ်ချပ်။ ယင်းထဲမှာတော့ အဖြူရောင်ဆံနွယ်အချို့ပါရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အနီရောင်ဝတ်စုံလေးကို ကျော့ကျော့လေးဝတ်ကာ အဖြူရောင် ခေါင်ရမ်းငယ်ခင်းထဲမှာ လှပစွာ ရှိနေတယ်။ အဲဒီပန်းချီကားလေးရဲ့နောက်ကွယ်က ဇာတ်လမ်းလေးကတော့ ....