Zawgyi
ခပ်ဝါးဝါးထင်ဟပ်တဲ့ ကြည့်မှန်ဝါကတစ်ဆင့်
လည်ပင်းရှိဓားဒဏ်ရာကို ကြည့်နေမိသည်။
ဖခင်မင်းကြီးမမြင်အောင်လည်း သေချာဖုံးဖိရပါဦးမည်။
မတော်တဆတွေ့သွားရင် ကင်မ်ဆွန်းမင်တစ်ယောက်
ဒုက္ခရောက်လိမ့်မည်။ပထမဆုံး တွေ့ဆုံမှုမှာတင် မိမိကို သွေးထွက်သံယိုဖြစ်နေသူပင်။ နီးစပ်ဖို့ကြိုးစားလေလေ
ပိုမိုနာကျင်ရလေလေပဲ ဖြစ်မှာကို အိမ်ရှေ့စံတွေးဆနိုင်သည်။
သို့ပေမဲ့ မပက်သက်ဘဲနေဖို့ သူမတတ်စွမ်းနိုင်ပါလေ။
သူ့စိတ်ဝိဥာဉ်တို့က ဆံနွယ်ဖြူတို့ထံ ကပ်ပါသွားခဲ့နှင့်ပြီ။ညှို့ယူနိုင်စွမ်းသော တောနတ်ငယ်လေးအား
နောက်ထပ်တစ်ကြိမ် ထပ်တွေ့ချင်ပါသေးသည်။ တွေ့ရအောင်လည်း သူကြိုးစားမှာ အသေအချာပါပဲ။× × ×
"ကျွန်တော့ကိုခေါ်တာ ဘာအကြောင်းအရင်းရှိလို့လဲ။"
ရေပြင်ကျယ်ကိုငေးကြည့်နေတဲ့ အဖေဖြစ်သူက ကိစ္စကြီးကြီးမားမားတစ်ခုကို တွေးတောနေပုံပါပဲ။
"မင်းကို နန်းတော်ထဲ သွင်းမလို့။"
"ဘယ်လို။"ဆွန်းမင်ရဲ့လေသံ၌ အလိုမကျခြင်းတို့က အတိုင်းသား။
နန်းတော် ဆိုတာ သူအမုန်းဆုံးနေရာ ဖြစ်သည်။ ပူလောင်မှု၊ လောဘ၊ ရမ္မက်၊ သွေးကွဲခြင်းတွေနှင့် သွေးသားအချင်းချင်း ပြန်သတ်နေကြတဲ့ ငရဲခန်းမှာ ရှင်သန်ရမည့်အစား
သူအသေသာခံလိုက်မည်။"အိမ်ရှေ့စံက စာဖတ်သမား အလိုရှိနေတယ်တဲ့။ အဲ့ဒီနေရာမှာ မင်းကို တာဝန်ယူစေချင်တယ်။"
ဖခင်ဖြစ်သူရဲ့စကားတို့က မရိုးရှင်းနေ။ မင်းသားဟွမ်ယော့ရဲ့ အပါးတော်မှာခစားဖို့ စေစားရင်တောင်မှ ယုတ္တိရှိသေးသည်။
အခုက အဘယ်ကြောင့်များ အိမ်ရှေ့စံရဲ့အပါးမှာ ခစားစေချင်ရသလဲ။ အမတ်မင်းဟာ အိမ်ရှေ့စံကို အမြင်မကြည်တဲ့သူတစ်ယောက်မလား။
YOU ARE READING
The Portrait : King's Beloved • 황승
Fanfictionပန်းချီကားတစ်ချပ်။ ယင်းထဲမှာတော့ အဖြူရောင်ဆံနွယ်အချို့ပါရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အနီရောင်ဝတ်စုံလေးကို ကျော့ကျော့လေးဝတ်ကာ အဖြူရောင် ခေါင်ရမ်းငယ်ခင်းထဲမှာ လှပစွာ ရှိနေတယ်။ အဲဒီပန်းချီကားလေးရဲ့နောက်ကွယ်က ဇာတ်လမ်းလေးကတော့ ....