Unicode
အရောင်စုံထွေလီတဲ့ ပန်းပင်ကလေးတွေပေါ် ဟိုပျံဒီနားလုပ်နေတဲ့ လိပ်ပြာငယ်လေးကိုကြည့်ရင်း ဆွန်းမင်စိတ်တွေဟာ လွင့်ပါးနေခဲ့သည်။ ထို့ကြောင့်ပဲ ခါးကို အနောက်မှ ရုတ်တရက်ဖက်လာတဲ့အခါ လန့်သွားခဲ့ရတာဖြစ်သည်။
သို့ပေမဲ့လည်း ရင်းနှီးနေတဲ့ကိုယ်သင်းနံ့လေးကြောင့် လန့်ထိတ်မှုတွေကနေ အပြုံးတွေအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့ပြင် ဖက်လာတဲ့လက်တို့ကို ပြန်ပြီးပင် ဖက်တွယ်မိသေးသည်။
မိမိပုခုံးပေါ်သို့ မေးတင်လာတဲ့ အိမ်ရှေ့စံထံမှ သက်ပြင်းချခြင်းကို သတိပြုမိတဲ့အခါ အိမ်ရှေ့စံစိတ်ညစ်နေကြောင်း ဆွန်းမင် တန်းသိသည်။
"ဘာတွေ စိတ်လေးလံစရာ ရှိနေလို့လဲ အိမ်ရှေ့စံ"
ဆွန်းမင်ရဲ့အမေးကို ဟျွန်းဂျင်ဟာ ပြန်မဖြေပါ။
သည့်အစား ပိုပြီးသာ တိုးဖက်လာခဲ့သည်။ပြန်မဖြေတဲ့ဟျွန်းဂျင်ကို ဆွန်းမင်လည်း နောက်တစ်ကြိမ် ထပ်မမေးချင်။ ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကြောင့်လို့ပဲ ယူမှတ်လိုက်သည်။
"မင်းကြီး သက်သာရဲ့လား"
"ဟင့်အင်း။ ခမည်းတော်အခြေအနေက တစ်နေ့တစ်ခြား ပိုပိုဆိုးလာတယ်။ သည်ကနေ့ဆို သွေးနှစ်ကြိမ် အန်တယ်တဲ့။"
ဟျွန်းဂျင်ရဲ့အသံတို့ထဲ ဝမ်းနည်းစိုးရိမ်မှုဟာ ထင်ရှားနေခဲ့သည်။
ဟျွန်းဂျင်ရဲ့အပူကို ဆွန်းမင် နားလည်ပါသည်။ ထို့ကြောင့် အရိုက်အရာပြန်အပ်ဖို့ မင်းကြီးကို လျှောက်တင်ပြီးပြီလားပင် မမေးဖြစ်ခဲ့ပါ။ အိမ်ရှေ့စံဘက်မှ ပြန်မစလာခင်အထိ မေ့ထားဖို့ တွေးထားသည်။"အဆင်ပြေသွားမှာပါ။"
စကားတစ်ခွန်းနဲ့ အရာအားလုံး အဆင်ပြေမသွားနိုင်မှန်း ဆွန်းမင် သိပေမဲ့ အနည်းဆုံးတော့ ဟျွန်းဂျင် စိတ်သက်သာရာရသွားတယ် ဆိုရင်ပဲ ကျေနပ်ပါသည်။
တိတ်ဆိတ်မှုဟာ သူတို့နှစ်ယောက်ကြား အချိန်တစ်ခုကြာအောင် ကြီးစိုးသွားပြီးမှ ဟျွန်းဂျင်ဟာ စကားဆိုလာခဲ့ပြန်သည်။
YOU ARE READING
The Portrait : King's Beloved • 황승
Fanfictionပန်းချီကားတစ်ချပ်။ ယင်းထဲမှာတော့ အဖြူရောင်ဆံနွယ်အချို့ပါရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အနီရောင်ဝတ်စုံလေးကို ကျော့ကျော့လေးဝတ်ကာ အဖြူရောင် ခေါင်ရမ်းငယ်ခင်းထဲမှာ လှပစွာ ရှိနေတယ်။ အဲဒီပန်းချီကားလေးရဲ့နောက်ကွယ်က ဇာတ်လမ်းလေးကတော့ ....