Unicode
ဟျွန်းဂျင် တစ်ရေးနိုးလာချိန်မှာ သန်းခေါင်လွန်ရုံပဲ ရှိဦးမည်။ အမှောင်ထုရဲ့ကြီးစိုးမှုအောက်မှာ တစ်ခုတည်းသော အလင်းရောင်က လရောင်သာ ရှိသည်။
ရင်ခွင်ထဲတိုးဝင်အိပ်ပျော်နေတဲ့ ဆွန်းမင်ကိုကြည့်မိတော့ ဟျွန်းဂျင်ဟာ အလိုလိုပြုံးမိခဲ့သည်။
ယခင်လို ခိုးဖက်ရတဲ့ နောက်ကျောပြင်အစား အခုတော့ ချစ်သူဟာ မိမိရင်ခွင်ကို သူ့စိတ်ဆန္ဒနဲ့ တိုးဝင်လျက်။ ခိုးနမ်းရတဲ့ပါးပြင်အစား အခုတော့ နှစ်ကိုယ်တူအနမ်းတို့ကို နှုတ်ခမ်းနှစ်စုံကြား ဖလှယ်ခွင့်ရခဲ့ပြီ။
မယုံနိုင်ခြင်းတွေမှာ သူ့ကိုယ်သူလည်း ဆိတ်ဆွဲကြည့်ရသေးသည်။ အရာအားလုံး အိပ်မက်ဖြစ်နေမှာကို သိပ်ကြောက်လွန်းလို့ပေါ့။
အိပ်မက်မဟုတ်ကြောင်း အတည်ပြုပြီးသည့်တိုင် စိုးထိတ်ရတဲ့ ပူပန်ခြင်းတွေဖြင့် ဆွန်းမင်ကို ပိုတင်းကျပ်စွာ ဖက်မိပါသေးသည်။ မတော်လို့များ.. လွတ်ထွက်သွားပြီး ဆုံးရှုံးသွားခဲ့ရင် ဆိုတဲ့ စိတ်ကလေးနဲ့ပေါ့။
သူ ကြောက်ပါသည်။ အကြာကြီး စောင့်ခဲ့၊ ကြိုးစားခဲ့ပြီးမှ ပိုင်ဆိုင်ခဲ့ရတဲ့ချစ်သူမလို့ ရင်ခွင်ထဲက လွတ်ထွက်သွားမှာကိုတောင် ကြောက်မိပါ၏။ ဆုံးရှုံးသွားခဲ့ရရင် ဆိုတဲ့စိတ်မှာ သူသေသွားမယ် ထင်ပါရဲ့။
"အိမ်ရှေ့စံ.. ကျွန်တော် အသက်ရှူကြပ်နေပြီ"
တင်းကြပ်လွန်းတဲ့ လက်မောင်းတို့ကြား အသက်ရှူမရစွာ ဆွန်းမင်ဟာ နိုးလာခဲ့ရသည်။ ထိုအခါမှ လန့်ဖြန့်ပြီး ပြေလျော့သွားသော လက်တို့။ ဟျွန်းဂျင်ရဲ့မျက်ဝန်းတို့ဟာလည်း တောင်းပန်ခြင်းတို့ ထင်ဟပ်နေခဲ့သည်။
"ကိုယ်တောင်းပန်ပါတယ်... ဒီတိုင်း လွတ်ထွက်သွားမှာ တွေးကြောက်မိသွားလို့ပါ"
ကလေးတစ်ယောက်လို ဟျွန်းဂျင်ရဲ့မျက်ဝန်းတို့ဟာ အားငယ်စွာ ထိတ်လန့်နေခဲ့သည်။ ခါးသီးခြင်းတွေရဲ့နောက် စတင်ရရှိတဲ့ ချိုမြိန်တဲ့အခိုက်အတန့်လေးကို ဆုံးရှုံးရမှာ သိပ်ကြောက်နေပုံပါပဲ။
YOU ARE READING
The Portrait : King's Beloved • 황승
Fanfictionပန်းချီကားတစ်ချပ်။ ယင်းထဲမှာတော့ အဖြူရောင်ဆံနွယ်အချို့ပါရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အနီရောင်ဝတ်စုံလေးကို ကျော့ကျော့လေးဝတ်ကာ အဖြူရောင် ခေါင်ရမ်းငယ်ခင်းထဲမှာ လှပစွာ ရှိနေတယ်။ အဲဒီပန်းချီကားလေးရဲ့နောက်ကွယ်က ဇာတ်လမ်းလေးကတော့ ....