Zzawgyi
အခြင်းအရာတွေ ပျက်စီးသွားဖို့ ဘာတွေ လိုအပ်ပါသလဲ။
အဖြေကတော့ အချိန်ပါပဲ။
တစ်လ၊ တစ်နှစ် ဆိုတဲ့ ရေတွက်ခြင်းတွေပေါ့။သူတို့ကြားက သံယောစဉ်တွေဟာလည်း သုံးနှစ်အတွင်း ပျက်သုဉ်းသွားခဲ့သည်။
ချန်းဘင်နဲ့ ပြန်တွေ့ရမယ့်နေ့ကို ဆွန်းမင် အမြဲတစေ တွေးခဲ့သလို ပြန်ဆုံမယ့် အခိုက်အတန့်ကိုလည်း အမျိုးမျိုးပုံဖော်ခဲ့ဖူးသည်။
လွမ်းဆွတ်ကြောင်း စကားသဝဏ်တွေ၊ တမ်းတခြင်းဖြင့် ပွေ့ဖက်ခြင်းတွေ၊ ဖြစ်နိုင်ချေနည်းတဲ့ အနမ်းအထိ သူ စိတ်ကူးယဉ်ခဲ့ဖူးသည်။
သို့ပေမဲ့ တကယ်တမ်းမှာတော့ အဲ့ဒီစိတ်ကူးတွေဟာ မျောလွင့်သွားတဲ့ တိမ်တိုက်တွေထက် မပိုခဲ့ပါဘူး။ ပွေ့ဖက်ဖို့ အနားကပ်သွားမိပေမဲ့ ချန်းဘင်က သူ့ကို တွန်းထုတ်လာခဲ့သည်။
"မင်း အိမ်ရှေ့စံနဲ့ လက်ထပ်လိုက်တယ်ဆို"
ချန်းဘင်ဟာ သူ့ကို သစ္စာဖောက်တစ်ယောက်လို စိုက်ကြည့်နေခဲ့သည်။ လွမ်းဆွတ်ခြင်းတွေအစား နာကျည်းမှုတွေက ထိုမျက်ဝန်းများထံ ရောင်ပြန်နေသည်။
"ပြန်လာရင် လက်ထပ်ချင်ပါတယ်လို့ စာပါးပြီး ခွင့်ပန်ခဲ့တာတောင် မစောင့်နိုင်ခဲ့ဘူးပေါ့ ကင်မ်ဆွန်းမင် အာ.. ဒါမှမဟုတ် ကြင်ရာတော်လို့ ခေါ်ရမလား"ရွဲ့စောင်းခြင်းတွေကို အသွားထက်အောင်သွေးထားတဲ့ ဓားသဖွယ် စွဲကိုင်ရင်း ချန်းဘင်ဟာ ဆွန်းမင်ရင်ထဲ ထိုးစိုက်သည်။
ဒါနဲ့ စာ ။
ဘယ်စာကို ချန်းဘင် ပြောတာပါလဲ။
သေချာပေါက် သူလက်ခံရရှိခဲ့တဲ့ စာတွေမှာတော့ လက်ထပ်ခွင့်အကြောင်း တစွန်းတစ မပါရှိတာ သေချာပါသည်။"ပထမအကြိမ် လက်ထပ်ခွင့်ကို ငြင်းပယ်တုန်းက ငါက နန်းတော်ကလူ ဖြစ်နေလို့၊ မင်းက နန်းတော်နဲ့ မပက်သက်ချင်လို့ ငြင်းတာလို့ ထင်ခဲ့တာ။ တကယ်က မင်းက ရာဇပုလ္လင်အထိ အလိုရှိနေခဲ့တာပဲ။"
တစ်ဖက်သတ်စွပ်စွဲစော်ကားမှုတွေမှာ ဆွန်းမင် ဘယ်လိုများ အယူခံဝင်ရပါမလဲ။ ရာဇသွေးကို လောဘတက်ခဲ့လို့ မဟုတ်ဘဲ အတင်းအကြပ်တော်ကောက်ခံခဲ့ရလို့ ဆိုတာကိုလေ။
YOU ARE READING
The Portrait : King's Beloved • 황승
Fanfictionပန်းချီကားတစ်ချပ်။ ယင်းထဲမှာတော့ အဖြူရောင်ဆံနွယ်အချို့ပါရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အနီရောင်ဝတ်စုံလေးကို ကျော့ကျော့လေးဝတ်ကာ အဖြူရောင် ခေါင်ရမ်းငယ်ခင်းထဲမှာ လှပစွာ ရှိနေတယ်။ အဲဒီပန်းချီကားလေးရဲ့နောက်ကွယ်က ဇာတ်လမ်းလေးကတော့ ....